ရုရှားမှာ စားသောက်ကုန်ဈေးနှုန်း မြင့်တက်ပြီး ခွဲတမ်းနဲ့သာ ရောင်းပေးနေ

21-3-2022-yyl04.jpg

ရုရှားနိုင်ငံမှာ အခြေခံစားသောက်ကုန်တချို့ကို ခွဲတမ်းနဲ့သာ ရောင်းပေးတော့တယ်လို့ သတင်းထွက်နေပါတယ်။ သကြားဝယ်လိုအား သိသိသာသာ မြင့်တက်နေပြီး အရှေ့ဖျားဒေသက စူပါမားကတ်တွေမှာ လူတစ်ဦးကို သကြား၊ ဂျုံ၊ ဆန်၊ ဆား၊ ပန်းဂျုံ၊ ပါစတာခြောက် ၂ ကီလိုဂရမ်စီ၊ ဟင်းသီးဟင်းရွက်ဆီ ၂ လီတာ၊ ကလေးအစားအစာ ၂ အိုးပဲ ရောင်းပေးပါတော့တယ်။ အခုလို ခွဲတမ်းအလိုက် ရောင်းချနေတာကို ရုရှားနေ့စဉ်ထုတ် စီးပွားရေးသတင်းစာ Kommersant က ဖော်ပြခဲ့ပါတယ်။

ခါဘရော့ဗ်မြို့မှာ သကြားကို အလုအယက်ဝယ်ယူနေကြလို့ စူပါမားကတ်ရဲ့ စင်တွေပေါ်မှာ သကြားပြတ်လပ်သွားပြီလို့ ဆိုကြပါတယ်။ ရုရှားနိုင်ငံမှာ သကြားဈေးနှုန်း ၁၃ ရာခိုင်နှုန်းလောက်အထိ မြင့်တက်သွားခဲ့တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ အမျိုးသားစာရင်းအင်းအဖွဲ့ Rosstat က ပြောပါတယ်။ ဒါပေမဲ့ ရုရှားနိုင်ငံက ပြည်တွင်းအတွက် သကြားလုံလောက်အောင် ထုတ်လုပ်နိုင်လို့ သကြားတင်ပို့မှုတွေကို ပိတ်ပင်ထားပြီး သကြားအတွက် ပြဿနာမရှိဘူးလို့ စက်မှုလုပ်ငန်းနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဒုတိယဝန်ကြီး ယက်ဗ်တူကော့ဗ်က ပြောပါတယ်။

ယူကရိန်းကျူးကျော်စစ်ကြောင့် ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့လို့ ရူဘယ်ငွေကြေးကို အားနည်းသွားစေပြီး ငွေကြေးဖောင်းပွလာတာကြောင့် စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာခဲ့တာပါ။ ရုရှားပြည်သူတွေကတော့ ဒေသခံစူပါမားကတ်တွေမှာ စားသောက်ကုန်တွေ ပြတ်လပ်သွားမှာကို အစိုးရိမ်ဆုံး ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

Ref: BBC “‘Sugar panic’ as Russia’s supermarkets ration goods”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top