စာမေးပွဲဖြေဖို့ အင်တာနက်လိုင်းကောင်းအောင် သစ်ပင်ပေါ်တက်ခဲ့ရတဲ့ ကောင်မလေး ရေကြောင်းသိပ္ပံဘွဲ့ရပြီးနောက် ဆေးပညာသင်ယူနေပြီ

10.1.2025-yyl-4.jpg

အသက် ၂၃ နှစ်အရွယ် မလေးရှားသူလေး ဗီဗီအွန် မိုဆီဘင်ဟာ ၂၀၂၀ ခုနှစ်က အွန်လိုင်းစာမေးပွဲဖြေဖို့ အင်တာနက်လိုင်းကောင်းကောင်းရဖို့အရေး သစ်ပင်ပေါ်တက်ခဲ့လို့ လူသိများသွားခဲ့ပါတယ်။ အခုဆို သူဟာ Universiti Malaysia Sabah ကနေ ရေကြောင်းသိပ္ပံဘွဲ့ရပြီးနောက် ဆေးပညာဆက်လက်သင်ယူနေပါတယ်။ လက်ရှိမှာ ဗီဗီအွန်ဟာ Shah Alam ရှိ Management and Science University မှာ ၅ နှစ်တာဆေးဘက်ဆိုင်ရာပရိုဂရမ်တစ်ခုကို လေ့လာသင်ယူနေတာပါ။

သူဟာ၂၀၂၄ခုနှစ် အောက်တိုဘာလက စတင်ခဲ့တဲ့ ၅ နှစ်တာဆေးဘက်ဆိုင်ရာပရိုဂရမ်ကို လေ့လာသင်ယူဖြစ်ခဲ့တာက သူ့မိဘတွေရဲ့တွန်းအားပေးမှုနဲ့ သူ့အစ်ကိုအစ်မတွေရဲ့အောင်မြင်မှုတွေကြောင့်ပါ။ သူဟာ ခွဲစိတ်ဆရာဝန်ဖြစ်ဖို့ မျှော်လင့်နေပါတယ်။

၅ နှစ်တာတက်ခဲ့ရတဲ့ ရေကြောင်းသိပ္ပံဘွဲ့ရရှိထားတယ်ဆိုတာကိုတော့ ဗီဗီအွန်က သူ့ရဲ့ဖေ့စ်ဘွတ်ခ်အကောင့်မှာ ဇန်နဝါရီ ၃ ရက်နေ့က မျှဝေခဲ့တာပါ။ သူဟာ Universiti Malaysia Sabah မှာ တက်ရဖို့ Scholarship ပေးတဲ့ Yayasan Tunku Abdul Rahman ဖောင်းဒေးရှင်းကို ကျေးဇူးတင်စကားဆိုထားသလို သူ့မိသားစုနဲ့ ကထိကတွေကိုလည်း ကျေးဇူးတင်စကားဆိုထားပါတယ်။

သူဟာ ကိုဗစ်ကာလတုန်းကတော့ ရေကြောင်းသိပ္ပံကို အွန်လိုင်းကနေတက်ခဲ့ရပြီး အင်တာနက်လိုင်းကောင်းဖို့အတွက် ရွာက သစ်ပင်ပေါ်တက်ပြီး အဲ့ဒီမှာ ၂၄ နာရီ နေခဲ့ကာ အွန်လိုင်းစာမေးပွဲကို ဖြေဆိုခဲ့တာပါ။ အဲ့ဒါကို သူဟာ မှတ်တမ်းဗီဒီယိုရိုက်ခဲ့ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့တာပါ။

Ref: M’sian woman, 23, who went viral after climbing tree to take exam, pursuing medicine to become surgeon

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top