ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ် တစ်စောင်က အစပြုခဲ့တဲ့ အိမ်ရာမဲ့တွေအတွက် ကူညီမှု

u0XiTE5.jpg

အိမ်ရာမဲ့အများစုဟာ မူးယစ်ဆေးစွဲနေသူတွေ၊ စိတ်ရောဂါ ခံစားနေရသူတွေ ဒါမှမဟုတ် ရာဇဝတ်မှု ကျူးလွန်ထားသူတွေ ဖြစ်တတ်ကြပါတယ်။ သူ ပြောတာကတော့ လူတစ်ယောက်ဟာ အိမ်နဲ့မနေရတာကြောင့် ဒီလိုတွေ ပျက်စီးတတ်ကြတယ်လို့ ပြောတာ မဟုတ်ပါဘူးတဲ့။

တစ်နေ့မှာ အမေရိကန်က မြို့လေးတစ်မြို့ဖြစ်တဲ့ နယူးဟေဗန်မှာ နေထိုင်သူ အဲလ်မာအလ်ဗာရဲဇ် (Elmer Alvarez) ဟာ ဒေါ်လာ ၁၀,၀၀၀ တန် ချက်လက်မှတ် တစ်စောင်ကို ကောက်ရခဲ့ပါတယ်။ ချက်လက်မှတ်ကို တွေ့လိုက်တဲ့အချိန် ပထမဆုံး သူ့ခေါင်းထဲမှာ ပေါ်လာတာက ‘ငါ ပိုင်ရှင်ကို ရှာရမယ်’ လို့ပါ။

ဒီ ချက်လက်မှတ်ကို အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးဖြစ်တဲ့ ရောဘာတ့်တာဟိုစ်ကီ (Roberta Hoskie) ပိုင်ဆိုင်တာဖြစ်ပြီး နယူးဟေဗန်မှာ ချက်လက်မှတ် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ‘စိတ်ကောင်းရှိတဲ့သူ တစ်ယောက်ယောက်က ကောက်ရပြီး ပြန်ပေးလာဖို့ ကျွန်မ မျှော်လင့်ခဲ့ပါတယ်’ လို့ပြောပါတယ်။ နောက်တော့ အဲလ်မာအလ်ဗာရဲဇ် ဆိုသူဆီက ဒီချက်လက်မှတ်ကို ကောက်ရထားကြောင်း ဖုန်း လက်ခံရရှိခဲ့ပါတယ်။

ရောဘာ့တ်တာက အဲလ်မာကိုတွေ့ပြီး စကားပြောကြည့်မှ သူဟာ အိမ်ရာမဲ့တစ်ဦး ဖြစ်ကြောင်း သိခဲ့ရပါတယ်။ ရောဘာ့တ်တာဟာလည်း တစ်ချိန်က အိမ်ရာမဲ့တစ်ဦးဖြစ်ဖူးတာမို့ ဒီအခြေအနေကို ကောင်းကောင်းနားလည်ပါတယ်။ အဲလ်ဗာရဲဇ်က သူ အလုပ်ရပြီးတော့ သူ့ဘဝပြန်ပြီး ကောင်းမွန်လာအောင် ကြိုးစားနေသူပါ။

ဒါတွေအားလုံးဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းက ဖြစ်ပျက်ခဲ့တာဆိုပေမဲ့ လူတိုင်း သိချင်နေကြမှာက ဒီအဖြစ်အပျက်လေးရဲ့ နောက်ပိုင်းမှာ ဘာဆက်ဖြစ်ခဲ့လဲဆိုတာပါပဲ။ ရောဘာ့တ်တာက အဲလ်ဗာရဲဇ်အတွက် တိုက်ခန်းတစ်ခန်း ရှာပေးပြီး သူ့ခြေထောက်ပေါ်သူ ရပ်တည်နိုင်တဲ့အထိ ခုနှစ်လစာ တိုက်ခန်း ငှားပေးခဲ့ပါတယ်။ အခုဆိုရင် သူတို့ဟာ အိမ်ခြံမြေ ပရောဂျက်လေးတစ်ခုကိုတောင် အတူတူ လုပ်ဆောင်နေကြပါပြီ။

ဒါ့အပြင် နောက်နှစ်ထဲမှာ ဆယ်ကျော်သက် လူငယ်လူရွယ်တွေနဲ့ အိမ်ရာမဲ့တွေအတွက် ခဏတာ ခိုလှုံလို့ရစေမယ့် အိမ်ကြီးတစ်လုံး ဆောက်ပေးဖို့ အစီအစဉ်လည်း ချထားပါတယ်။ ဒီအိမ်ကြီးမှာ လိုအပ်တဲ့ ဝန်ဆောင်မှုမျိုးစုံကို ထောက်ပံ့ ဖန်တီးပေးထားမယ်လို့ ဆိုပါတယ်။ ‘အမိုးအကာလေးအောက်မှာ နေရတာ ဘယ်လိုမျိုးလဲဆိုတာ ကျွန်မ မှတ်မိနေပါသေးတယ်… ဒါကြောင့် ဒီလိုအစီအစဉ်ကို ချမှတ်ခဲ့တာပါ’ လို့ ရောဘာ့တ်တာက ပြောပြခဲ့ပါတယ်။

Ref: www.cbsnews.com ” Real estate broker and man who returned $10,000 check help the homeless ”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top