မကြာသေးခင်က ဆွီဒနီ နက်ဆင်လို့ အမည်ရတဲ့ ဆရာမတစ်ဦးဟာ သူ့ရဲ့မူလတန်းကျောင်းသူ/သားတွေကို စာရွက်အလွတ်တစ်ရွက်ပေါ်မှာ အသည်းပုံလေးတွေရေးဆွဲစေခဲ့ပါတယ်။ ဘာအတွက် အသည်းပုံလေးတွေ ရေးဆွဲစေခဲ့တယ်ဆိုတာကို ကျောင်းသူ/ကျောင်းသားတွေမသိခဲ့ပေမဲ့ အံ့အားသင့်စရာတစ်ခုဖြစ်မယ်လို့တော့ ဆရာမ ဆွီဒနီက ပြောခဲ့ပါတယ်။
နောက်တော့ ဆရာမ ဆွီဒနီက ကျောင်းသူ/သားတွေ ရေးဆွဲထားတဲ့ အသည်းပုံတွေအကုန်လုံးကို စုစည်းပြီး အသည်းပုံတစ်ခုတည်းဖြစ်အောင် ဖန်တီးခဲ့ပြီးတော့ တီရှပ်ပေါ်မှာ ရိုက်နှိပ်လို့ရအောင် Print ထုတ်ခဲ့တာပါ။

တီရှပ်ပေါ်မှာ ရိုက်နှိပ်ဖို့ အသည်းပုံဖန်တီးတဲ့ လုပ်ငန်းစဉ်တစ်ခုလုံးကို ဆရာမ ဆွီဒနီက TikTok မှာ တင်ခဲ့ပါသေးတယ်။
ဆရာမ ဆွီဒနီဟာ ကျောင်းသူ/သားတွေ ရေးဆွဲထားတဲ့ အသည်းပုံလေးတွေနဲ့ တီရှပ်ကို Valentine’s Day မတိုင်ခင်က ဝတ်ဆင်သွားတဲ့အချိန်မှာ သူတို့လေးတွေက သူတို့ ရေးဆွဲထားတဲ့အသည်းပုံတွေမှန်း အစက သတိမထားမိခဲ့ဘူး။ ဆရာမ ဆွီဒနီက သူတို့လေးတွေ ဒါကို မြင်သွားရင် အံ့အားသင့်သွားမယ်လို့ ထင်ခဲ့တာ။
နောက်တော့ ဒီတီရှပ်နဲ့ပတ်သက်ပြီး တစ်ခုခု သတိထားမိလားဆိုပြီး မေးခဲ့ပါတော့တယ်။ သူတို့လေးတွေ သတိထားမိသွားခဲ့ကာ အရမ်း စိတ်လှုပ်ရှားပြီးတော့ ဘယ်လိုလုပ်ထားတာလဲဆိုတဲ့ မေးခွန်းတွေမေးမြန်းခဲ့ကြပါတော့တယ်။
ဆရာမဆွီဒနီက တီရှပ်ကို ထပ်ပြီးဝတ်ဖို့ စီစဉ်ထားပြီး နှစ်တိုင်း တီရှပ်တစ်ထည်ဖန်တီးဖို့ မျှော်လင့်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဝတ်စုံတစ်စုံဖန်တီးခဲ့ပြီး အဲ့ဒီဝတ်စုံမှာ သူ့ကျောင်းသား/သူတွေကို လက်မှတ်ထိုးခိုင်းခဲ့တာပါ။
Ref: Teacher Had Each Student Draw Her a Heart. On Valentine’s Day, She Gave Them the Best Surprise
WL(ရိုးရာလေး)