စပိန်နိုင်ငံမှာ လူသေဆုံးစေတဲ့ ဓာတုစက်ရုံပေါက်ကွဲမှုဖြစ်ပွား

yyl-025-4.jpg

စပိန်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာတာလန်ဒေသရဲ့ ဓာတုစက်ရုံတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ အနည်းဆုံး လူတစ်ယောက် သေဆုံးခဲ့ပြီး အခြားသူ ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ စပိန်နိုင်ငံ အရာရှိတွေက ပြောပါတယ်။ ဇန်နဝါရီလ ၁၄ ရက် ဒေသစံတော်ချိန် ည ၆ နာရီ ၄၀ မိနစ်အချိန်က တာရာဂိုနာမြို့တောင်ပိုင်း ဓာတုစက်ရုံမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပြီးနောက် လူတစ်ယောက် ပျောက်ဆုံးနေပါတယ်။ ဓာတုမတော်တဆမှုကနေ မီးထတောက်ခဲ့တာဖြစ်လောက်တယ်လို့ အရာရှိတွေက ပြောပါတယ်။ အစောပိုင်းမှာ အာဏာပိုင်တွေက ဒေသခံတွေကို အိမ်ထဲမှာပဲနေဖို့ တိုက်တွန်းခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အဆိပ်သင့်ဓာတ်ငွေ့တွေ ထွက်ပေါ်လာခဲ့ခြင်းမရှိဘူးလို့ ဆိုခဲ့ပါတယ်။

ဓာတုစက်ရုံ မီးလောင်ကျွမ်းမှုကို မီးသတ်သမား ဒါဇင်ပေါင်းများစွာက ငြိှမ်းသတ်ခဲ့ပါတယ်။ အနီးနားမှာရှိတဲ့ ပြိုကျနေတဲ့ အဆောက်အအုံထဲကနေ သေဆုံးသူကို တွေ့ရှိခဲ့တာပါ။ ဒဏ်ရာရသူတွေထဲမှာ အနည်းဆုံး ၂ ယောက်ကတော့ လောင်ကျွမ်းဒဏ်ရာ ဆိုးဆိုးရွားရွား ရခဲ့တယ်လို့ ကာတာလန်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေက ပျောက်ဆုံးနေသူကို လိုက်လံရှာဖွေနေပါတယ်။ ပျောက်ဆုံးနေသူဟာ အဲဒီစက်ရုံရဲ့ ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top