လေဆိပ်ကို ဆင်းသက်ချိန် လေယာဉ်ပက်လက်လန် တိမ်းမှောက်ခဲ့ပေမဲ့ သေဆုံးသူ မရှိ

18.2.2025-yyl-၃.jpg

ကနေဒါနိုင်ငံ တိုရွန်တိုပီယာဆန်လေဆိပ်ကို ဆင်းသက်ချိန်မှာ ဒယ်တာလေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ပက်လက်လန် တိမ်းမှောက်ခဲ့ပေမဲ့ လေယာဉ်ပေါ်ပါသူ ၈၀ လုံး အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်က နှင်းမုန်တိုင်း တိုက်ခတ်ပြီးနောက် လေပြင်းထန်စွာ တိုက်ခတ်နေချိန်မှာ ဒယ်တာလေကြောင်းလိုင်းရဲ့ လေကြောင်းအမှတ် CRJ900 လေယာဉ်က လေဆိပ်ကို ဆင်းသက်ချိန်မှာ ပက်လက်လန် တိမ်းမှောက်သွားခဲ့တာပါ။ လေယာဉ်ပေါ် လိုက်ပါလာသူ ၈၀ အနက် ၁၈ ဦး ဒဏ်ရာရခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် လူသုံးဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

လေယာဉ်တိမ်းမှောက်ရတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲပါ။ ပုံမှန်အခြေအနေအတိုင်း ရှိနေပြီးမှ လေဆိပ်ကို ဆင်းသက်ချိန်မှာ ရုတ်တရက် တိမ်းမှောက်သွားခဲ့တာလို့ လေယာဉ်ပေါ် လိုက်ပါခဲ့သူ ခရီးသည် ဂျွန်နယ်ဆင်က ဆိုပါတယ်။

ဖေ့ဘွတ်ခ်ပေါ်က ရုပ်သံမှတ်တမ်းအရ ပက်လန်လှန် တိမ်းမှောက်နေတဲ့ လေယာဉ် မီးလောင်နေတဲ့ မီးသတ်ကားတွေက ငြှိမ်းသတ်နေတာ တွေ့ရပါတယ်။

Ref: Delta plane flips upside down at Toronto airport, injuring 18
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top