ဂျက်ဖ်ဘီဇို့စ်နဲ့ ကွာရှင်းပြီးခဲ့တဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက ၁၉ ဘီလျံကျော်ကို လှူဒါန်းထားပြီးဖြစ်တဲ့ မက္ကင်ဇီ စကော့တ်

broke.jpg

Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇို့စ်နဲ့ လွန်ခဲ့တဲ့ ၆ နှစ်က ကွာရှင်းပြီးကတည်းက မက္ကင်ဇီ စကော့တ်ဟာ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းတွေကို သူ့ရဲ့ဘီလျံချီတဲ့ငွေတွေကို လှူဒါန်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီကတည်းက မက္ကင်ဇီ စကော့တ်ဟာ အကန့်အသတ်မရှိ လှူဒါန်းမှုတွေလုပ်ခဲ့ပြီး အဖွဲ့အစည်း ၂၀၀၀ ကျော်ဆီ ကန်ဒေါ်လာ ၁၉ ဘီလျံကျော် လှူဒါန်းခဲ့တာပါ။

မက္ကင်ဇီ စကော့တ်ဟာ ဂျက်ဖ်ဘီဇို့စ်နဲ့ ကွာရှင်းပြီး ၂ နှစ်အကြာမှာ သိပ္ပံဆရာဟောင်း ဒမ်ဂျီဝက်တ်နဲ့ လက်ထပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ဆက်ဆံရေးက မကြာခဲ့ပါဘူး။ ၂၀၂၃ ခုနှစ် ဇန်နဝါရီမှာ အပြီးအသတ်ကွာရှင်းပြတ်စဲခဲ့ပါတယ်။

Ref: MacKenzie Scott Has Given Away $19 Billion Since Divorce from Jeff Bezos 6 Years Ago

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply