ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ စပိန်နိုင်ငံ မွေးမြူရေးခြံက မြွေပါမွေးရှည် ၁၀၀,၀၀၀ နီးပါးကို သုတ်သင်မယ်

11-7-2020-yyl-006.jpg

စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း မွေးမြူရေးခြံတစ်ခြံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရလို့ မြွေပါမွေးရှည် အကောင်ရေ ၁၀၀၀၀၀ နီးပါးကို သုတ်သင်မယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့မေလက ခြံဝန်ထမ်းတစ်ယောက်ရဲ့ဇနီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာ တွေ့ရှိခဲ့သလို နောက်ပိုင်းမှာလည်း ခြံဝန်ထမ်း ၇ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ရှိနေတာ တွေ့ရှိခဲ့ပါတယ်။

မြွေပါမွေးရှည်တွေကို သားမွေးထုတ်ယူဖို့ မွေးမြူထားတာပါ။ ခြံဝန်ထမ်းတွေမှာ ရောဂါကူးစက်ခံထားရတာ တွေ့ရှိပြီးတဲ့နောက်မှာတော့ မြွေပါမွေးရှည်တွေကို သီးသန့်ခွဲခြားထားပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်ခဲ့ပါတယ်။ ဇူလိုင်လ ၁၃ ရက်က စစ်ဆေးမှုတွေလုပ်ချိန်မှာတော့ မွေးမြူရေးခြံမှာရှိတဲ့ မြွေပါမွေးရှည် ၈၇ ရာခိုင်နှုန်းမှာ ရောဂါကူးစက်ခံထားရတာ တွေ့ရှိခဲ့ပါတယ်။ အဲဒီနောက်မှာ မြွေပါမွေးရှည် ၉၂၇၀၀ ကောင်လုံးကို သုတ်သင်ရှင်းလင်းဖို့ ကျန်းမာရေးအာဏာပိုင်တွေက ညွှန်ကြားခဲ့ပါတယ်။ လူတွေကို ရောဂါပိုးကူးစက်မှာ စိုးရိမ်တဲ့အတွက် မြွေပါမွေးရှည်တွေကို သုတ်သင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အာဏာပိုင်တွေက မွေးမြူရေးခြံကို နစ်နာကြေးပေးမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း ဟော်လန်နိုင်ငံတစ်ဝန်းမှာရှိတဲ့ မွေးမြူရေးခြံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခဲ့လို့ မြွေပါမွေးရှည် အကောင်ရေသောင်းချီကို သုတ်သင်ခဲ့ရပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top