၁၀ နှစ်တာ ငွေစုဆောင်းပြီး သူ အလွန်လိုချင်တဲ့ Ferrari 458 Spider ကားကို ဝယ်စီးခဲ့သူ ဂျပန်အမျိုးသားတစ်ဦးဟာ ကားဝယ်လာပြီး ၁ နာရီအတွင်း ကားမီးလောင်ပျက်စီးမှု ကြုံခဲ့ရပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိတဲ့ ဂီတထုတ်လုပ်သူ ဟွန်ကွန်ဟာ ဧပြီလ ၁၆ ရက်နေ့က Ferrari 458 Spider ကားသစ်ကို လက်ဝယ်ပိုင်ဆိုင်ခဲ့တာပါ။
သူဟာ တိုကျိုမြို့ Shuto အဝေးပြေးလမ်းမပေါ်မှာ ကားမောင်းနေတုန်း မီးခိုးတွေ ထွက်လာတာ တွေ့လိုက်ရပါတယ်။ စစချင်းမှာတော့ အခြားကားကနေ မီးခိုးထွက်တယ်ထင်နေပေမဲ့ လမ်းဘေးထိုးရပ်ကြည့်လိုက်တော့ သူ့ကားကနေ မီးခိုးတွေထွက်နေတာ သိခဲ့ရပါတယ်။ မီးသတ်တပ်ဖွဲ့ကို ဖုန်းဆက်အကြောင်းကြားခဲ့ပေမဲ့ သူ့ကားကတော့ လုံးဝနီးပါး မီးလောင်ပျက်စီးသွားခဲ့ပါတယ်။
” ဂျပန်မှာ ဒီလိုအဖြစ်မျိုး ကြုံရတာ ကျွန်တော် တစ်ယောက်တည်း ရှိမယ်ထင်ပါတယ်။ ယန်း ၄၃ သန်းတောင် ပေးထားရတာ။ အခုတော့ ဒီဓာတ်ပုံလေး တစ်ပုံပဲကျန်ခဲ့တယ်”လို့ မီးလောင်ထားတဲ့ ကားဓာတ်ပုံနဲ့အတူ ဟွန်ကွန်က X မှာ ရေးသားခဲ့ပါတယ်။
ကားအင်ဂျင်ကနေ မီးစတင်လောင်ကျွမ်းခဲ့တယ်လို့ ယူဆထားကြပေမဲ့ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။
Ref: Man Buys Dream Ferrari After Saving Up for 10 Years, It Burns Down in an Hour
NZ ( ရိုးရာလေး)
Share this post
Share this post
You may also like...
ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

