သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မယ့် နေရောင်ခြည်စွမ်းအင်ထုတ်နည်းပညာ

65485044_477613966328682_7425110027913920512_n.jpg

မီချီဂန်ပြည်နယ်တက္ကသိုလ်က သုတေသီပညာရှင်အဖွဲ့ဟာ အပြည့်အဝထွင်းဖောက်မြင်နိုင်တဲ့ မှန်သားအစားထိုး ဆိုလာပြားတွေကို ဖန်တီးနိုင်ခဲ့ပြီလို့ သိရပါတယ်။ ဒါဟာ ခေတ်မီ ဗိသုကာအဆောက်အအုံလက်ရာတွေမှာ နည်းလမ်းပေါင်းစုံနဲ့ ထည့်သွင်းအသုံးပြုနိုင်သွားမယ့်အပြင် သဘာဝပတ်ဝန်းကျင်ကိုအကျိုးပြုတဲ့ နေရောင်ခြည်စွမ်းအင်ထုတ် နည်းပညာအဆင့်တစ်ခု ဖြစ်ခဲ့ပါတယ်။

ပညာရှင်အဖွဲ့ဟာ မှန်သားကို အစားထိုးနိုင်ပြီး နေစွမ်းအင်ကို ထုတ်ယူသုံးစွဲနိုင်မယ့် TLSC နည်းပညာကို စွမ်းဆောင်ခဲ့ရာမှာ ဒီနည်းပညာနဲ့ လူရဲ့မျက်စိနဲ့မြင်နိုင်စွမ်းမရှိတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ အနီအောက်ရောင်ခြည် တို့လို အလင်းလှိုင်းတွေကို စုပ်ယူသုံးစွဲသွားနိုင်မှာဖြစ်ပါတယ်။

ဒီ ဆိုလာပြားပုံစံငယ်တွေကို အထူးသဖြင့်တော့ မှန်သားနဲ့ဆောက်လုပ်ထားတဲ့ တာဝါနဲ့အဆောက်အဦးတွေရဲ့ မျက်နှာစာနံရံပတ်ပတ်လည်မှာ ထည့်သွင်းသုံးစွဲခြင်းက အကျိုးအရှိဆုံးဖြစ်တယ်လို့ သိရပြီး အိုဟောင်းနေတဲ့ အဆောက်အအုံတွေမှာလည်း သုံးစွဲနိုင်ကြောင်းလည်း သိရပါသေးတယ်။

Ref: Transparent Solar Panels Will Turn Windows Into Green Energy Collectors
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top