လုယက်ခံရတဲ့ ငှက်ပျောသီးသည် အဘိုးအိုကိုလူအများ ဝိုင်းဝန်းကူညီခဲ့

19029603_1518138564883725_6288777747500292107_n.jpg

လုယက်ခံရလို့ အင်ဒိုနီးရှားငွေ တစ်သန်း (အမေရိကန်ဒေါ်လာ ၈၀) ကျော် ပါသွားတယ်ဆိုတဲ့ ငှက်ပျောသီးသည် အဘိုးအိုကို စေတနာရှင်တွေက ဝိုင်းဝန်း ကူညီပံ့ပိုးပေးခဲ့ရာမှာ အင်ဒိုနီးရှားငွေ ၃၇ သန်း ရရှိခဲ့ပါတယ်။

ငှက်ပျောသီး လိုက်ရောင်းနေတဲ့ အသက် ၉၄ နှစ်အရွယ် အဘိုးအို ဆူရက်မန်ရဲ့ ပြောစကားအရ သူ့အနီးကို ကားတစ်စီး ကပ်လာပြီး ကားသမားက ငှက်ပျောသီး ဝယ်ချင်လို့ ကားပေါ် တက်ပါဦးလို့ ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ကားပေါ်ရောက်တော့ လူနှစ်ယောက်ကပါတဲ့ပိုက်ဆံ အကုန်ထုတ်လို့ ပြောပြီး သူ့ရဲ့ ပိုက်ဆံတွေကို လုယူသွားခဲ့ပါတယ်။ ပြီးတော့ သူ့ကို ကားပေါ်က ကန်ချပြီး ကားမောင်းပြေးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်က ဆူမာတြားကျွန်းက ဂျမ်ဘီပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။

လုယက်ခံရပြီး ငိုနေတဲ့ အဘိုးအို ဆူရက်မန်ကို တွမ်မီရီဇာက တွေ့ခဲ့ပြီး ဒီဖြစ်ရပ်ကို ရုပ်သံမှတ်တမ်း ရိုက်ကူးခဲ့ပါတယ်။ ဒီနောက်မှာ တွမ်မီရီဇာက အဘိုးအို ဆူရက်မန်ရဲ့ ဖြစ်ရပ်နဲ့ ရုပ်သံမှတ်တမ်းကို ဖေ့ဘွတ်ပေါ်ရေးသားဖော်ပြခဲ့ရာမှာ ကူညီပံ့ပိုးချင်သူတွေက ဆက်သွယ်ခဲ့ကြပါတယ်။ အဲဒီသူတွေထဲမှာ ဟောင်ကောင်နဲ့ မလေးရှားကသူတွေ ပါဝင်ခဲ့ပါတယ်။

အဲဒီအတွက် တွမ်မီရီဇာက အဘိုးအို ဆူရက်မန်အတွက် ရန်ပုံငွေထူထောင်ခဲ့ရာမှာ အလှူငွေ အများကြီး ရခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးကလည်းအင်ဒိုနီးရှားငွေ ငါးသန်း လှူဒါန်းခဲ့ပြီး ဆူရက်မန်ရဲ့ ငှက်ပျောသီးတွေ အားလုံးကို ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top