တရုတ်တက်တူးပညာရှင် ဗစ်တိုးရီးယားလီကိုတော့ ကမ္ဘာ့အတော်ဆုံး ပုံရိပ်စစ်တက်တူးပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ထားကြပါတယ်။ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ နေထိုင်တဲ့ ဗစ်တိုးရီးယားလီဟာ အသက် ၄ နှစ်အရွယ်ကတည်းက ပန်းချီကို စိတ်ဝင်စားခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာတော့ တက်တူးနယ်ပယ်ထဲ စတင်ဝင်ရောက်လာခဲ့တာပါ။


“ ကောလိပ်ပြီးသွားချိန်မှာ အဘိုးပုံ တက်တူးထိုးချင်တာ၊ ဒါပေမဲ့ တက်တူးပညာရှင်တွေ ထိုးပေးတဲ့ ပုံတွေက ကျွန်မ လိုချင်တဲ့ပုံနဲ့ မတူဘူး။ ဒါနဲ့ပဲ ကျွန်မကိုယ်တိုင် တက်တူးထိုးကြည့်ခဲ့တာပါ”လို့ ဗစ်တိုးရီးယားလီက ဆိုပါတယ်။

အစပိုင်းမှာတော့ သူက အဖြူ၊ အမည်း တက်တူးတွေပဲ ထိုးခဲ့ပြီး နောက်ပိုင်းမှသာ အရောင်အသွေးစုံတဲ့ပုံတွေ ထိုးခဲ့တာပါ။ သူဟာ ဘေဂျင်းမြို့၊ ချောင်ယန်ခရိုင်၊ CBD စင်တာမှာ တက်တူးစတူဒီယို ဖွင့်ထားပြီး တစ်ခါတစ်ရံမှာ ပုံတစ်ပုံကို နာရီ ၁၀၀ ကျော်ကြာတဲ့အထိ အချိန်ယူ ရေးဆွဲရပါတယ်။


အင်စတာဂရမ်ပေါ်မှာ အားပေးသူ ၂ သန်းကျော်အထိ ရှိနေတဲ့ တက်တူးပညာရှင် ဗစ်တိုးရီးယားလီ အားကျအတုယူရတဲ့ တက်တူးပညာရှင်ကော့ ယူကရိန်းနိုင်ငံသား ဒီမစ်ထရီဆာမိုဟင်ပါပဲ။
Ref: The Insanely Datailed Hyperrealistic Tattoos of Victoria Lee
NZ ( ရိုးရာလေး)

