မီးသတ်သမားတွေ လှုပ်ရှားတာ ကြည့်ချင်လို့ တစ်ညအတွင်း ကိုယ့်အိမ်ကိုယ် ၂ ကြိမ်တိုင်တိုင် မီးရှို့ခဲ့သူ

firefighters.jpg

မီးသတ်သမားဖြစ်ချင်တဲ့ ဗြိတိန်အမျိုးသားတစ်ဦးဟာ မီးသတ်သမားတွေ လှုပ်ရှားပုံကို ကြည့်ရှုလေ့လာချင်တဲ့အတွက် တစ်ညအတွင်း သူ့အိမ်ကို ၂ ကြိမ်တိုင်တိုင် မီးရှို့ခဲ့တာကြောင့် ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

နော့ခ်အမ်ဘာလန်းကောင်တီမှာ နေထိုင်တဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသား ဂျိမ်းစ်ဘရောင်းဟာ မီးသတ်သမားဖြစ်ချင်ပေမဲ့ ဖြစ်ခွင့်မရခဲ့သူပါ။ သူဟာ မီးသတ်သမားတွေ လှုပ်ရှားတာကို ကြည့်ချင်လို့ မီးသတ်ခန်းကို ခဏခဏ ဖုန်းဆက်လေ့ရှိပြီး နောက်ဆုံးမှာတော့ သူ့အိမ်သူ မီးပြန်ရှို့ခဲ့တာပါ။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက် ညနေပိုင်းမှာ မီးလန့်မှုသတင်းကြောင့် မီးသတ်အဖွဲ့က ဂျိမ်းစ်ဘရောင်းရဲ့အိမ်ကို မီးလာငြှိမ်းပေးခဲ့ပါတယ်။ မီးအဝင်ကြိုးကနေ မီးပွားစင်ပြီး ဗီဒိုကို မီးလောင်ခဲ့တာလို့ ဂျိမ်းစ်ဘရောင်းက ဆိုခဲ့ပါတယ်။ မီးသတ်သမားတွေက မီးအဝင်ကြိုးကို ဖြုတ်ပေးထားခဲ့ပေမဲ့ မိနစ် ၉၀ အကြာမှာ ဂျိမ်းစ်ဘရောင်းက မီးလန့်မှု ထပ်မံဖြစ်ပွားကြောင်း ဖုန်းဆက်လို့ မီးသတ်သမားတွေ ထပ်လာခဲ့ရပါတယ်။

ဒီတကြိမ်မှာလည်း ဂျိမ်းစ်ဘရောင်းက မီးအဝင်ကြိုးကနေ ဖြစ်တာလို့ အကြောင်းပြခဲ့ပြီး မီးအဝင်ကြိုး ဖြုတ်ပေးထားတာကြောင့် မီးသတ်သမားတွေက သင်္ကာမကင်း ဖြစ်ခဲ့ကြပြီး ရှို့မီးလို့ ကောက်ချက်ချခဲ့ကြပါတယ်။ ရုံးတင်စစ်ဆေးချိန်မှာတော့ ဂျိမ်းစ်ဘရောင်းက တစ်ညအတွင်း ၂ ကြိမ်တိုင်တိုင် မီးရှို့ခဲ့တယ်လို့ ထွက်ဆိုခဲ့တာကြောင့် ဆိုင်းငံ့ထောင်ဒဏ် ၈ လ( ၂ နှစ်ကြာ ဆိုင်းငံ့ထားပြီး အပြစ်ထပ်မံကျူးလွန်ပါက ထောင်ဒဏ် ချမှတ်ခံရမည်) ချမှတ်ခံခဲ့ရပါတယ်။

Ref: Man Obsessed with Firefighters Sets Fire to His Own Home Just to See His Idols

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top