လူ ၃ ယောက်ကို မီးဘေးကနေ ကယ်တင်ပေးနိုင်ခဲ့တဲ့ ခွေးမလေးကို သူရဲကောင်းအဖြစ် ဂုဏ်ပြု

10-7-2020-yyl-034.jpg

ဘေးအိမ်မှာ မီးလောင်နေတာကို သခင်သိအောင် သတိပေးနိုင်ခဲ့တဲ့ ကယ်ဆယ်ရေးခွေးလေးတစ်ကောင်ဟာ သူရဲကောင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အမေရိကန်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇူလိုင်လ ၄ ရက် ည ၁၀ နာရီ ၄၅ မိနစ်အချိန်က သူတို့အိမ်ရှေ့မှာ ခွေးမလေး ရူ ထူးထူးခြားခြား ထိုးဟောင်နေတာကို လီကာတက်စ် သတိထားမိခဲ့ပါတယ်။ ဘာလဲဆိုတာ သိရအောင် အိမ်တံခါးဖွင့်ကြည့်လိုက်တော့ ခွေးမလေး ရူက တဟုန်ထိုး ပြေးထွက်သွားခဲ့ပါတယ်။

ခွေးမလေးနောက် လိုက်ကြည့်လိုက်တော့ သူတို့ဘေးအိမ်မှာ မီးလောင်နေမှန်း သိလိုက်ရပါတယ်။ လီကာတက်စ်က သူတို့အိမ်တံခါးကို ထုပြီး မိသားစု ၃ ယောက်ကို အချိန်မီ နှိုးနိုင်ခဲ့လို့ သူတို့အားလုံး ဒဏ်ရာမရဘဲ အသက်ဘေးက လွတ်မြောက်ခဲ့တာပါ။ လီကာတက်စ်ကလည်း မီးသတ်သမားတွေ ရောက်မလာခင် ပန်းခြံသုံးရေပိုက်နဲ့ မီးငြှိမ်းနိုင်အောင် ကြိုးစားပေးခဲ့ပါတယ်။ တကယ်တော့ မီးလောင်တဲ့အိမ်မှာနေထိုင်တဲ့ အမျိုးသမီးက လီကာတက်စ်နဲ့ ရူကို ဆုံစည်းစေခဲ့သူပါ။ လီကာတက်စ် မွေးထားတဲ့ ဂျာမန်သိုးထိန်းခွေး သေသွားချိန်မှာ အဲဒီအမျိုးသမီးက ရူကို မွေးဖို့ စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top