ကွယ်လွန်သွားတဲ့ ချစ်သူရဲ့ အကြွေးတွေကို ဆပ်ပေးပြီး ကျန်ရစ်သူမိဘတွေကိုပါ ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ တရုတ်အမျိုးသမီး

chinr.jpg

ကွယ်လွန်သွားတဲ့ ရည်းစားဟောင်းရဲ့ အကြွေးတွေအားလုံးကို ဆပ်ပေးခဲ့ပြီး ကျန်ရစ်သူ မိဘတွေကိုပါ ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ တရုတ်အမျိုးသမီးတစ်ဦးရဲ့သစ္စာရှိမှု၊ ကြင်နာတတ်မှုကို လူမှုကွန်ရက်အသုံးပြုသူတွေက ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

ဟူနန်ပြည်နယ်မှာ နေထိုင်တဲ့ တရုတ်အမျိုးသမီး ဝမ်တင်းရဲ့ ချစ်သူ ကျန်းဇီဟာ ၂၀၁၆ ခုနှစ်က ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်သွားခဲ့ပြီး သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေဆီမှာ အကြွေးပေးစရာတွေ ကျန်ရစ်ခဲ့ပါတယ်။

အကြွေးကိစ္စတွေက သူနဲ့မဆိုင်တာကြောင့် ရှင်းပေးစရာမလိုဘူးလို့ တားမြစ်သူတွေရှိပေမဲ့ ဝမ်တင်းကတော့ သူ စုထားတဲ့ငွေတွေအပြင် အခြားကနေ ပိုက်ဆံချေးပြီး အကြွေးတွေ ဆပ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ကျန်းဇီရဲ့ မိဘတွေကိုပါ သူ့မိဘအရင်းလို ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ဝမ်တင်းက အခြားအမျိုးသားတစ်ဦးနဲ့ လက်ထပ်ခဲ့ပေမဲ့ ကျန်းဇီရဲ့မိဘတွေကိုတော့ အရင်အတိုင်းပဲ ဆက်လက်ပြုစု စောင့်ရှောက်ခဲ့ပါတယ်။ ဒီအကြောင်းဟာ တရုတ်လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့သွားခဲ့ပြီး ဝမ်တင်းရဲ့ သစ္စာရှိမှု၊ ကြင်နာသနားတတ်မှုကို လူမှုကွန်ရက်အသုံးပြုသူတွေက ချီးကျူးခဲ့ကြပါတယ်။

Ref : Chinese woman pays late boyfriend’s debt, cares for his parents

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top