နှင်းတောထဲမှာ လမ်းလျှောက်ရင်း သူ့ခြေထောက်နဲ့ ဧရာမအနုပညာလက်ရာကို ပုံဖော်ဖန်တီးခဲ့သူ

9-6-2-21-yl-41.jpg

တစ်ခါတလေ တချို့လူတွေရဲ့ထူးခြားတဲ့စွမ်းရည်နဲ့ စိတ်ကူးစိတ်သန်းတွေကြောင့် ကျွန်တော်တို့တွေ အံ့အားသင့်ကြရပါတယ်။ တချို့လူတွေက ဘယ်လိုနည်းလမ်းမျိုးနဲ့ အံ့အားသင့်အောင်လုပ်ရမလဲလို့ စဉ်းစားနေကြတဲ့သူတွေပါ။ တကယ်ကိုလည်း တီထွင်ဖန်တီးနိုင်စွမ်းရှိကြပါတယ်။ အဲဒီလူတွေထဲမှာ မူပိုင်ပန်းချီပညာရှင် ဆိုင်မွန် ဘက်ခ် (Simon Beck) ဆိုသူလည်း အပါအဝင်ပါပဲ။

ဆိုင်မွန် ဘက်ခ်ဟာ သူ့ရဲ့ဘဝကို သူ့ရဲ့စွဲမက်ဖွယ်ကောင်းတဲ့ဝါသနာထဲ မြုပ်နှံလိုက်ဖို့ ဆုံးဖြတ်ထားတာပါ။ သူက အရမ်းပဲထူးခြားတာလားဆိုရင် ရိုးတော့ရိုးရှင်းပါတယ်။ ဒါပေမဲ့ အရမ်းရိုးရှင်းလွန်းတာလည်းမဟုတ်ပါဘူး။ သူက တခြားပန်းချီပညာရှင်တွေနဲ့မတူဘဲ နှင်းတောထဲမှာ ပုံတွေရေးဆွဲတာပါ။ သူဟာ နှင်းတောစီးဘွတ်ဖိနပ်ကို စီးပြီး နှင်းတောထဲမှာ ပုံဆွဲလို့ ကောင်းတဲ့ နေရာကို ရှာပါတယ်။ အဲဒီနောက် အဲဒီနေရာကို အဖြူရောင် စာရွက်တစ်ရွက်လို မှတ်ယူပြီး နှင်းတောစီးဘွတ်ဖိနပ်စီးထားတဲ့ သူ့ခြေထောက်ကို စုတ်တံအဖြစ်နဲ့ လမ်းလျှောက်ရင်း ဧရာမပန်းချီပုံကြီးတွေကို ဖန်တီးတာဖြစ်ပါတယ်။

ဆိုင်မွန်က သူ့ရဲ့တီထွင်ဖန်တီးမှုတွေအတွက် နှင်းတောက အကောင်းဆုံးဖြစ်ပြီး သူ့ကို အကောင်းဆုံးဖန်တီးနိုင်စေတဲ့ နေရာအဖြစ် ခံယူထားတာပါ။ သဘာဝတရားကြီးနဲ့ ပေါင်းစပ်ပြီး အနုပညာလက်ရာတွေကို သူ့ခြေထောက်နဲ့ ဖန်တီးဖို့အတွက် တော်တော်လေး ကြိုးစားလုပ်ဆောင်ခဲ့ရပါတယ်။ နှင်းတောထဲမှာ စိတ်ဝင်စားဖွယ်ကောင်းအောင် ဖန်တီးထားတဲ့ သူ့ရဲ့လက်ရာတွေကို ကျွန်တော်တို့တွေ မြင်တွေ့နိုင်ပါတယ်။

ဆိုင်မွန်က တောင်ရဲ့အလယ်မှာ သူ့ခြေထောက်နဲ့ ဧရာမပုံကြီးကို ဖန်တီးနိုင်စွမ်းရှိတာက လူတွေကို အံ့အားသင့်စေတဲ့အပြင် သူ့ရဲ့လက်ရာတွေကြောင့်လည်း အံ့အားသင့်ကြရတာပါ။ ဆိုင်မွန်ရဲ့လက်ရာတွေက ပျောက်ပျက်သွားနိုင်တဲ့ ခဏတာအလှတရားဖြစ်ပေမဲ့ လူတွေကို ဆွဲဆောင်ထားနိုင်ပါတယ်။ ဆိုင်မွန်က နှင်းပွင့်ပုံ၊ သစ်ရွက်ပုံ၊ သဘာဝဆန်တဲ့ပုံ၊ ဂျီဩမေတြီပုံစံမျိုးတွေလည်း ဖန်တီးပါတယ်။ ဒီလိုမျိုး ပုံတွေထုတ်နိုင်လောက်အောင် ကိုယ့်ကိုယ်ကိုယ် စုတ်တံအဖြစ် ပြောင်းလဲပစ်နိုင်တာက ထူးခြားလှပါတယ်။ သူ့လက်ရာတွေကို မြင်တွေ့လိုက်ရင်ပဲ တကယ်ကို အရည်အချင်းရှိပြီး တော်တဲ့ ပညာရှင်ဆိုတာကို ငြင်းနိုင်မှာမဟုတ်ပါဘူးနော်။ ဆိုင်မွန်ကတော့ နှင်းတောထဲ လမ်းလျှောက်ရင်း ဧရာမပုံကြီးတွေကို ဖန်တီးနေတုန်းပါပဲ။

Ref: This Man Walks In The Snow And Creates Gigantic Works That Enchant With Their Ephemeral Beauty.

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top