လူ့ခန္ဓာကိုယ် ဆဲလ်တွေအတွင်းမှာရှိတဲ့ DNA တွေဟာ အထပ်ထပ်ဆင့်ကာ ရစ်ခွေထားတဲ့ ပုံသဏ္ဍာန်ရှိတာကြောင့် အလွန်ရှည်လျားပြီး အလျားလိုက် ဆွဲဆန့်လိုက်မယ်ဆိုရင် ကမ္ဘာမြေကနေ ပလူတိုဂြိုဟ်ကို ၁၇ ခေါက် အသွားအပြန် လုပ်နိုင်တဲ့ အကွာအဝေး ရှိပါတယ်။
လူသားမျိုးဗီဇအစုအဝေးမှာ အခြေခံအတွဲအစပ် ၃ ဘီလျံရှိပြီး လူ့ခန္ဓာကိုယ်မှာ ခန့်မှန်းခြေအားဖြင့် ဆဲလ်ပေါင်း ၃၇ ထရီလျံ ပါဝင်ပါတယ်။ ဆဲလ်တစ်ခုဆီမှာ DNA တစ်မီတာအရှည်နဲ့ တွက်ချက်ရင်တောင် လူ့ခန္ဓာကိုယ်ထဲမှ DNA အရှည်ဟာ ကီလိုမီတာပေါင်း ၃၇ ဘီလျံအထိ ရှိနေမှာ ဖြစ်ပါတယ်။
အဲဒီအကွာအဝေးဟာ ကမ္ဘာမြေနဲ့ ပလူတိုဂြိုဟ်ကြား ၁၇ ခေါက် အသွားအပြန် လုပ်နိုင်သလို နေကနေ နပ်ကျွန်းဂြိုဟ်ကြား ၄ ခေါက် အသွားအပြန် လုပ်နိုင်တဲ့ အကွာအဝေးလည်း ဖြစ်ပါတယ်။
Ref: The astronomical length of DNA
NZ ( ရိုးရာလေး)

