ဘယ်လ်ဂျီယံမြို့လယ်စင်တာရဲ့ မြေအောက်ကို တူးဖော်မှုလုပ်ရာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၈၀၀ က ရောမခေတ်မှာ ရေသွယ်ပြွန်အဖြစ် အသုံးပြုခဲ့တဲ့ အခေါင်းပေါက်သစ်လုံးတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
မြေအောက်အနက် ၁၃ ပေမှာ မြှုပ်ထားတဲ့ အခေါင်းပေါက်သစ်လုံးတွေဟာ တစ်ချောင်းကို ၅ ပေ ရှည်လျားပြီး ရေသွယ်ပြွန်အဖြစ် ဆက်သွယ်ထားတဲ့ အကွာအဝေးက ပေ ၁၀၀ ရှည်လျားပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ လူဗင်မြို့အောက်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး ရွံ့မြေဖြစ်တာကြောင့် နှစ်များစွာကြာတဲ့အထိ သစ်လုံးတွေ အကောင်းပကတိအတိုင်း ရှိနေဆဲဖြစ်တာလို့ ပညာရှင်တွေက သုံးသပ်ခဲ့ကြပါတယ်။
” ရေသွယ်ပြွန် တွေ့ရတာကို ကြည့်ခြင်းအားဖြင့် ဒီဒေသဟာ အထိုက်အလျောက် စည်ပင်ဝပြောခဲ့တယ်လို့ တွက်ဆနိုင်ပါတယ်”လို့ ရှေးဟောင်းယဉ်ကျေးမှုကုမ္ပဏီ BAAC Flanders ရဲ့ ပရောဂျက်ခေါင်းဆောင် ဂျီနက်တင်က ဆိုပါတယ်။
Ref: 1,800-year-old Roman Water Pipe Made from Hollow Tree Trunks Found Under a Street in Belgium
NZ ( ရိုးရာလေး)

