၂၃ နှစ်အကြာမှာ သူတို့ ပြန်ဆုံခွင့်ရလေပြီ

16-5-2022-yyl-11.jpg

အေဒါဇူဂိုင်းဟာ လွန်ခဲ့တဲ့ ၂၃ နှစ်က လေယာဉ်ပေါ်မှာ အမှတ်မထင် တွေ့ဆုံခဲ့ကြပြီး ဘဝတစ်သက်တာ မေ့မရအောင် ကူညီပေးခဲ့တဲ့ အမျိုးသမီးကြီးကို အင်တာနက်အစွမ်းကြောင့် ပြန်ဆုံခွင့် ရခဲ့ပါပြီ။ ၁၉၉၉ ခုနှစ်က ကိုဆိုဗိုစစ်ပွဲ ဖြစ်ပွားချိန်မှာ ယူဂိုဆလားဗီးယားပြည်ထောင်စုကနေ ထွက်ပြေးလာခဲ့တဲ့ အေဒါဇူဂိုင်းတို့ ညီအစ်မနှစ်ယောက်ဟာ ထရေစီဆိုတဲ့ အမျိုးသမီးနဲ့ လေယာဉ်ပေါ်မှာ ဆုံခဲ့ကြတာပါ။ ထရေစီက သူတို့ကို နားကပ်တစ်ရံနဲ့ ဒေါ်လာ ၁၀၀ ပါတဲ့ စာအိတ်တစ်လုံး ပေးခဲ့ဖူးတဲ့အကြောင်းကို ရိုးရာလေးက ဖော်ပြခဲ့ဖူးပါတယ်။

https://www.facebook.com/171647766211817/posts/5267426566633886/

ထရေစီက မင်နီယာပိုလစ်မြို့မှာ နေထိုင်တဲ့ တင်းနစ်နည်းပြဖြစ်ပြီး အသက် ၇၀ ရှိပါပြီ။ အခုချိန်မှာတော့ အနှိပ်ပညာရှင်အဖြစ် ဆောင်ရွက်နေသူပါ။ အေဒါဇူဂိုင်းက သူ့ကို လိုက်ရှာနေတဲ့အကြောင်း သတင်းပျံ့နှံ့ခဲ့ပြီး Refugees International အဖွဲ့အစည်းက ဒီအကြောင်းကို ၂ မိနစ်စာ ဗီဒီယိုတင်ခဲ့တာပါ။ Refugees International ရဲ့ တွစ်တာပေါ်က ဗီဒီယိုကို ထရေစီရဲ့သမီးနဲ့ တင်းနစ်နည်းပြဘဝတုန်းက လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့သူ ဆူဆန်အလန်တို့က သတိထားမိခဲ့တာပါ။

ထရေစီဟာ ၁၉၉၉ ခုနှစ်တုန်းက ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ သွားကြည့်ခွင့်ရခဲ့လို့ (အပြန်ခရီးစဉ်မှာ) အေဒါဇူဂိုင်းတို့ ညီအစ်မနဲ့ လေယာဉ်တစ်စီးတည်း အတူစီးဖြစ်ခဲ့တာပါ။ ပြင်သစ်အိုးပင်းပြိုင်ပွဲ သွားကြည့်တဲ့ ထရေစီရဲ့ခရီးစဉ်ကို ဆူဆန်အလန်က စီစဉ်ပေးခဲ့တာပါ။ ဆူဆန်အလန်က ထရေစီနဲ့အတူ လေယာဉ်ပေါ်မှာ လိုက်ပါခဲ့တဲ့ မိတ်ဆွေတစ်ယောက်ထံ ဖုန်းဆက်ခဲ့ပြီး သူတို့နှစ်ယောက် ပဲရစ်ကအပြန် အမ်စတာဒမ်ကနေ မင်နီယာပိုလစ်မြို့ထံ လေယာဉ်စီးတဲ့ နေ့ကို လှမ်းမေးခဲ့ပြီး အဖွဲ့လိုက် ရိုက်ထားတဲ့ဓာတ်ပုံကိုပါ ပို့ခိုင်းခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဆူဆန်အလန်က ထရေစီ၊ အေဒါဇူဂိုင်းတို့နဲ့အတူ group chat ဖွဲ့ စကားပြောပြီး ဓာတ်ပုံတွေ ပို့လိုက်ချိန်မှာတော့ ”အေဒါဇူဂိုင်းရဲ့ ထရေစီရှာပုံတော်” ပြီးဆုံးသွားခဲ့တာပါ။ Zoom ကတစ်ဆင့် တွေ့ဆုံချိန်မှာတော့ သူတို့အားလုံး ပြုံးပျော်နေကြပြီး ဝမ်းသာလွန်းလို့ မျက်ရည်ကျကြတဲ့အထိပါပဲ။

” ဟယ်လို မိန်းမချောလေးတွေ” လို့ ထရေစီက နှုတ်ဆက်လိုက်ချိန်မှာ အေဒါဇူဂိုင်းက ” နှစ် ၂၀ ကျော်တောင် ကြာပြီနော်လို့ ”ဝမ်းသာအယ်လဲ တုံ့ပြန်ခဲ့ပါတယ်။ ပြီးတော့ ထရေစီပေးခဲ့တဲ့ ဒေါ်လာ ၁၀၀ ကြောင့် နွေရာသီတစ်ခုလုံး သူတို့စားရေးသောက်ရေး အဆင်ပြေတဲ့ကိစ္စအပါအဝင် စကားတွေ အကြာကြီး ပြောခဲ့ကြပါတယ်။ ထရေစီနဲ့ အေဒါဇူဂိုင်းတို့ ညီအစ်မဟာ သိပ်မကြာခင်မှာတော့ အပြင်မှာ လူချင်းတွေ့ဆုံဖို့ စီစဉ်နေကြပါပြီ။

Ref: Goodnews ” Power of Internet Reunites Minneapolis Woman With Refugee She’d Given $100 to, Decades Ago”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top