ထုတ်လွှင့်မပြသရသေးတဲ့ Harry Potter စီးရီးသစ်ဟာ အခုဆို ကမ္ဘာ့ဈေးအမြင့်ဆုံးတီဗီရှိုးဖြစ်လာနေပါပြီ။ Harry Potter Reboot ဆိုတဲ့ အဲ့ဒီစီးရီးသစ်က ထုတ်လွှင့်မပြသရသေးတာတောင် စံချိန်ချိုးနေပါပြီ။ ဒီစီးရီးအတွက် ကန်ဒေါ်လာ ၄.၂ ဘီလျံကုန်ကျခံဖို့ စီစဉ်ထားပါတယ်။ အဲ့ဒီကုန်ကျစရိတ်ကြောင့်ပဲ ကမ္ဘာ့ဈေးအမြင့်ဆုံးတီဗီစီးရီးဖြစ်လာတာပါ။ ဒီစီးရီးအသစ်က မူရင်းတီဗီစီရီးတွေထက် ပိုပြီး အသေးစိတ်ကျဖို့ မျှော်လင့်ရပါတယ်။
ဒီစီးရီးက Season 7 ရှိမှာဖြစ်ပြီး Season တစ်ခုစီမှာ အပိုင်း ၆ ပိုင်းပါဝင်ဖို့ မျှော်လင့်ရပါတယ်။ စုစုပေါင်း အပိုင်း ၄၂ ပိုင်းရှိမှာဖြစ်ပါတယ်။ အပိုင်း ၁ ပိုင်းကို ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဝန်းကျင်ကုန်ကျမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒီစီးရီးရိုက်ကူးဖို့အတွက် Potterville ဆိုတဲ့ မြို့လေးကို တည်ဆောက်ရတာက ပိုပြီးကုန်ကျစရိတ်များပါတယ်။ အဲ့ဒီမြို့က အဓိကရိုက်ကူးရေးနေရာဖြစ်မှာဖြစ်ပါတယ်။ Warner Bros Studios က တည်ဆောက်ခဲ့တဲ့ အဲ့ဒီရိုက်ကူးရေးနေရာက ကန်ဒေါ်လာ ၁.၃ ဘီလျံကျော်လောက် ကုန်ကျပါတယ်။ အဲ့ဒီနေရာမှာ Hogwarts School of Witchcraft and Wizardry၊ King’s Cross Station၊ Privet Drive လို အထင်ကရနေရာတွေကို အသေးစိတ်ပြန်လည်ဖန်တီးထားတာပါဝင်သွားမှာဖြစ်ပါတယ်။
ဒီစီးရီးမှာ အရင်သရုပ်ဆောင်တွေပါဝင်မှာမဟုတ်ဘဲ သရုပ်ဆောင်အသစ်တွေပါဝင်လာမှာဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာ ထုတ်လွှင့်ဖို့ စီစဉ်ထားတယ်လို့လည်းသိရပါတယ်။
Ref: At RS 35,000 crore, Harry Potter Reboot is set to become the world’s most expensive TV show
WL ( ရိုးရာလေး)

