အာခီးမီးဒိရဲ့ မရဏရောင်ခြည်ကို လက်တွေ့အကောင်အထည်ဖော်ခဲ့တဲ့ ၁၃ နှစ်အရွယ် ကျောင်းသားလေး

13years.png

ကနေဒါနိုင်ငံမှ ၁၃ နှစ်အရွယ် ကျောင်းသားလေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က အာခီးမီးဒိရဲ့ မရဏရောင်ခြည် သဘောတရားကို လက်တွေ့အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ ဂရိလူမျိုး သင်္ချာပညာရှင်၊ တီထွင်ဖန်တီးသူ အာခီးမီးဒိက ဆီရာကျူစ်မြို့သိမ်းတိုက်ပွဲမှာ ရောမစစ်သင်္ဘောတွေကို မီးရှို့ဖို့အတွက် မရဏရောင်ခြည်ကို တီထွင်ခဲ့တယ်လို့ ဆိုစမှတ်ပြုကြပါတယ်။

နေရောင်ခြည်ကို ကြေးမုံပြင်နဲ့ ရောင်ပြန်ဟပ်စေတဲ့နည်းလမ်းပါ။ သမိုင်းပညာရှင်တွေကတော့ အာခီးမီးဒိက မရဏရောင်ခြည် တီထွင်နိုင်ခဲ့ခြင်း ရှိ၊ မရှိဆိုတာကို ယနေ့အချိန်အထိ အငြင်းပွားနေဆဲပါပဲ။

ကနေဒါနိုင်ငံမှ ကျောင်းသားလေး ဘရင်ဒန်ကတော့ နေရောင်ခြည်ကို ရောင်ပြန်ဟပ်စေတဲ့ ကြေးမုံပြင်တွေသုံးပြီး သစ်သားကို မီးရှို့နိုင်ကြောင်း လက်တွေ့ပြသခဲ့တာ ဖြစ်ပါတယ်။

Ref: This is how a 13-year-old boy recreated ancient ‘Death-Ray’

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top