ကောင်းကင်ဒိုင်ဗင်ထိုးရင်း လေထီးမပွင့်လို့ မီတာ ၄၆၀၀ ကနေပြုတ်ကျသေဆုံးခဲ့ရတဲ့ အမျိုးသမီးနဲ့ သူ့ရဲ့နည်းပြ

sky1.jpg

ဗြိတိန်က အသက် ၄၈ နှစ်အရွယ် အမျိုးသမီးနဲ့ သူ့ရဲ့အသက် ၃၀ အရွယ် နည်းပြဆရာတို့ဟာ ဇွန်လ ၁၃ ရက်နေ့က ကောင်းကင်ဒိုင်ဗင်ထိုးရင်း အမြင့် ၄၆၀၀ မီတာကနေ ပြုတ်ကျသေဆုံးခဲ့ရပါတယ်။ အ‌ရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို ခေါ်ယူခဲ့ရပြီး ‌နေရာမှာတင် ၂ ဦးစလုံး သေဆုံးသွားတယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။ 

သေဆုံးသွားခဲ့တဲ့ အမျိုးသမီးက ကလေး ၄ ယောက်မိခင် ဘီလင်ဒါ တေလာဆိုသူဖြစ်ပါတယ်။ ကောင်းကင်ဒိုင်ဗင်ထိုးတာကို လက်တွဲဖော်ဆီက လက်ဆောင်အဖြစ် ရခဲ့တာပါ။ သူ့ရဲ့လက်တွဲဖော်က ဝမ်းနည်းစရာမြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတာပါ။ အတူတူဒိုင်ဗင်ထိုးခဲ့တဲ့ သူ့နည်းပြကတော့ အာဒမ် ဟာရီဆန်ဆိုသူပါ။ ၂၀၂၀ ခုနှစ်ကတည်းက ကောင်းကင်ဒိုင်ဗင်နည်းပြဆရာဖြစ်ခဲ့တာပါ။ 


၂၃၀၀ မီတာ ဒိုင်ဗင်ထိုးဖို့ စီစဉ်ထားခဲ့ပေမဲ့ ဘီလင်ဒါက ၄၆၀၀ မီတာကနေ ဒိုင်ဗင်ထိုးခုန်ချချင်တာကြောင့် အပိုငွေထပ်ပေးခဲ့ရတယ်လို့ ဘီလင်ဒါရဲ့လက်တွဲဖော် စကော့တ် အမ်စတောင်းက ဆိုပါတယ်။ သူက ဘီလင်ဒါ ကောင်းကင်ဒိုင်ဗင်ထိုးတာကို မှန်ပြောင်းကနေ ကြည့်နေခဲ့ပြီး လေထီးတစ်ခုမပွင့်တာကို သတိထားမိခဲ့ပါတယ်။ သူ တုန်လှုပ်သွားခဲ့ပြီး ဘီလင်ဒါတို့ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့တာကို မြင်လိုက်ရပါတယ်။ သူလည်း ချက်ချင်းပဲ ကားနဲ့ လယ်ကွင်းတွေဖြတ်မောင်းခဲ့ပါတယ်။ ပြုတ်ကျတဲ့နေရာမှာ ဘီလင်ဒါနဲ့ သူ့နည်းပြတို့ အသက်မဲ့စွာ လဲလျောင်းနေတာကို တွေ့ခဲ့ရတယ်လို့ စကော့တ်ရဲ့ပြောစကားအရ သိရပါတယ်။ 

Ref: Mum, 48 & her skydiving instructor, 30, die in UK after falling 4,600m, parachute allegedly failed to open

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top