အမှိုက်ပုံးထဲ စွန့်ပစ်ခံထားရတဲ့ မွေးကင်းစ ကလေးငယ်ကို သန့်ရှင်းရေးလုပ်သားက ကယ်တင်

china-baby-bin.jpg

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကင်းမြို့ ဆေးရုံအပြင်ဘက်က အမှိုက်ပုံးထဲမှာ တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုခု စွန့်ပစ်ထားတာ ရှိ၊ မရှိ ရှာဖွေရာကနေ သန့်ရှင်းရေးလုပ်သားက မွေးကင်းစ ကလေးငယ်ကို တွေ့ရှိခဲ့တာပါ။

ကိုယ်ဝန်ဆောင်ချိန် ရက်သတ္တပတ် ၃၀ အကြာမှာ မွေးဖွားလာတယ်လို့ ယူဆရတဲ့ ဒီကလေးငယ်ကို တွေ့ရှိခဲ့ချိန်မှာ ခန္ဓာကိုယ် အလေးချိန် ၃ ပေါင်ရှိတယ်လို့ ဆိုပါတယ်။ ဖူလင်းဗဟိုဆေးရုံက ဆရာဝန်တွေဟာ ကလေးငယ်ကို စစ်ဆေးခဲ့ပြီးတဲ့နောက် သူတို့ဆေးရုံမှာ မွေးဖွားခဲ့တာလို့ အတည်ပြုခဲ့ပါတယ်။

အမှိုက်ပုံးထဲ စွန့်ပစ်ခံခဲ့ရပေမယ့် ကလေးငယ်ဟာ ကျန်းကျန်းမာမာရှိတယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ အဲဒီနောက်မှာ ရဲတွေက ကလေးငယ်ရဲ့ အဖေကို ခြေရာခံ ရှာဖွေခဲ့ကြပါတယ်။ မွေးကင်းစကလေးငယ်ကို အမှိုက်ပုံးထဲ စွန့်ပစ်ခဲ့တဲ့ ဖခင်က သူ့လုပ်ရပ်အတွက် နောင်တရမိတယ်လို့ ပြောခဲ့ပြီး ကလေးငယ် ကျန်းကျန်းမာမာ ရှိပါ့မလား စိုးရိမ်မိတယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြပါတယ်။ သူ့ကို ရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန် သတိပေးခဲ့ပေမယ့် ဖမ်းဆီးခဲ့ခြင်း မရှိပါဘူး။

Ref:Man ‘saves premature baby after it was dumped in a bin’ outside Chinese hospital

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top