သစ်ကုလားအုပ်တွေ သားပေါက်တဲ့အခါ မတ်တတ်ရပ် အနေအထားနဲ့ သားပေါက်တာဖြစ်လို့ မွေးကင်းစ သစ်ကုလားအုပ်လေးဟာ ၆ ပေအမြင့်ကနေ မြေပြင်ပေါ်ကို ပြုတ်ကျသွားမှာ ဖြစ်ပြီး အဲဒါကြောင့်ပဲ ချက်ကြိုးပြတ်သွားမှာ ဖြစ်ပါတယ်။
သစ်ကုလားအုပ်လေးဟာ မွေးပြီးပြီးချင်း နာရီဝက်အတွင်း မတ်တတ်ရပ်နိုင်ပြီး နာရီပိုင်းအတွင်းမှာ လမ်းလျှောက်နိုင်ကြပါတယ်။ ဒါဟာ သဘာဝက ပေးတဲ့ အစွမ်းအစတစ်ရပ်ဖြစ်ပြီး သူတို့ကို ကိုက်ဖြတ်စားသောက်မယ့် သားရဲတိရစ္ဆာန်တွေရဲ့ ရန်ကနေ ကာကွယ်ဖို့ အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။
သစ်ကုလားအုပ်လေးတွေဟာ မွေးကင်းစမှာတင် အရပ် ၆ ပေလောက် မြင့်မားကြပြီး အချိန်တိုအတွင်း ကြီးထွားဖွံ့ဖြိုးလာလေ့ ရှိပါတယ်။
Ref : Giraffe gives birth, her calf falls about 6 feet (1.8 meters) to the ground
NZ ( ရိုးရာလေး)

