အခြားသူတွေကို မအော်ငေါက်ဘဲနဲ့ ဒေါသကို ဘယ်လိုပြေလျော့မလဲ

yyl-014-17.jpg

အလုပ်ပိတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ကျွန်တော်တို့စိတ်ခံစားချက်ကို တည်ငြိမ်အောင် မနည်းကြိုးစားနေကြရတာပါ။ အလုပ်နဲ့ ဘဝကို လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်စွမ်းအားနည်းလာတာကြောင့် ကျွန်တော်တို့အများစုဟာ စိတ်ခံစားချက်အတက်အကျများပြီး ဒေါသမထိန်းနိုင်ဖြစ်ကြရပါတယ်။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ငဲ့ပြီး ဒေါသထွက်ခြင်းကို တက်နိုင်သမျှထိန်းချုပ်တာအကောင်းဆုံးပါပဲ။ အချိန်တိုင်း ဒေါသထွက်သလို တွေ့ကြုံခံစားနေရရင် အခြားသူတွေကို အော်ငေါက်နေမယ့်အစား ကျန်းမာရေးနဲ့ညီညွှတ်တဲ့နည်းနဲ့ ဒေါသတွေကို ဖြေလျော့ဖို့ နည်းလမ်းရှာရမှာဖြစ်ပါတယ်။ ဒေါသတွေကို ဘယ်လိုဖြေလျော့ရမလဲဆိုတာကို ပြောပြပေးလိုက်ရပါတယ်။

ချရေးပါ

သင်ဟာ စိတ်အလိုမကျဘဲ ဒေါသထွက်သလို ခံစားရရင် စိတ်ထဲမှာရှိတဲ့အရာတွေကို မှတ်စုစာအုပ်ထဲချရေးဖို့ အကြံပေးချင်ပါတယ်။ အဲဒီချရေးလိုက်တဲ့အခါမှာ ပိုကောင်းတဲ့စိတ်ခံစားချက်အခြေအနေကို နားလည်သွားအောင် သင့်ကို ကူညီပေးမှာပါ။ သင့်စိတ်ကို ထိန်းချုပ်ထားနိုင်အောင်လည်း ကူညီပေးမှာဖြစ်ပါတယ်။ အခုလိုကြုံတွေ့ရတဲ့ပြဿနာကိုကဘာလဲဆိုတာရယ်၊ ဒေါသထွက်စေတဲ့အရာက ဘာလဲဆိုတာကို သိရှိသွားအောင် ကူညီပေးနိုင်ပါတယ်။ စိတ်ခံစားချက်မကောင်းလို့ ဒေါသထွက်လာတဲ့အခါတိုင်း မကျေနပ်ချက်တွေကို မှတ်စုစာအုပ်ထဲကို ချရေးလိုက်ပါ။ ချရေးပြီးသွားရင်တော့ စုပ်ဖြဲပစ်နိုင်ပါတယ်။

ပြေးတာ (ဒါမှမဟုတ်) work out လုပ်ပါ

စိတ်ခံစားချက်ကို ထိန်းချုပ်လို့မရဘူးလို့ ခံစားရတဲ့အချိန်တိုင်း လှုပ်လှုပ်ရှားရှားနေလိုက်ပါ။ ကိုယ်ကာယလေ့ကျင့်ခန်းတချို့က အခြားသူတွေကို အောက်ငေါက်စရာမလိုဘဲ ဒေါသထွက်တာတွေကို ပြေလျော့သွားအောင် ကူညီပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ဖို့အတွက် အချိန်မပေးနိုင်ဘူးဆိုရင် ဒေါသဖြစ်တာကို အနှောက်အယှက်ဖြစ်သွားနိုင်တာ အရာတစ်ခုခုကို အာရုံစိုက်လို့ရပါတယ်။ ပြေးဖို့အတွက် နေရာရှာမတွေ့ဘူးဆိုရင် စိတ်တည်ငြိမ်သွားဖို့အတွက် အကြောဆန့်တာတစ်ခုခု လုပ်လို့ရပါတယ်။

စိတ်ထဲကနေ ရေရွတ်လိုက်ပါ

ကျွန်တော်တို့တွေးနေတာကို ရပ်တန့်ပစ်ဖို့ဆိုရင် စိတ်ထဲကနေ ထပ်ကာထပ်ကာရေရွတ်ကြည့်ခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။ ဒါကြောင့် နောက်တစ်ခါကျရင် ဒေါသထွက်လာပြီလို့ ခံစားရတာနဲ့ အသက်ပြင်းပြင်းရှုပြီး သင့်စိတ်တည်ငြိမ်သွားဖို့အတွက ်စိတ်ထဲကနေ “ဒီအခြေအနေက အမြဲမဟုတ်ပါဘူး။ ဒါကို ကျော်ဖြတ်နိုင်ရမယ်၊ ငါ့စိတ်ခံစားချက်ထက် ငါက ပိုသန်မာတယ်။ ငါ အဆင်ပြေသွားမှာပါ။ ဒီအချိန်တွေက ကုန်သွားမှာပါ” လို့ ရေရွတ်ကြည့်ရမှာဖြစ်ပါတယ်။

Ref: How To Release Your Anger Without Shouting At Anyone

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top