လာဘူဘူ အရုပ်တွေ ဖန်တီးထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီအမှုဆောင်ချုပ်က တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် (၁၀)ဦးစာရင်းမှာ ပါဝင်လာ

labubu-1.png

ကမ္ဘာကျော် လာဘူဘူ (Labubu) အရုပ်တွေ ဖန်တီးထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီအမှုဆောင်ချုပ် ဝမ်နင်းဟာ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် (၁၀)ဦးစာရင်းမှာ ပထမဆုံးအကြိမ် ပါဝင်လာခဲ့ပါပြီ။

ဘေဂျင်းမြို့အခြေစိုက် Pop Mart International Group ဟာ လာဘူဘူ အရုပ်တွေ သောက်သောက်လဲ ရောင်းချခဲ့ရတာကြောင့် ၂၀၂၄ ခုနှစ်အတွင်း ယွမ် ၁၃ ဘီလျံအထိ ဝင်ငွေရရှိခဲ့တာပါ။

လာဘူဘူအရုပ်တွေဟာ အာရှ၊ ဥရောပနဲ့ အမေရိကအထိ ပျံ့နှံ့ခဲ့ပြီး Pop Mart International Group အရုပ်ကုမ္ပဏီကို တည်ထောင်သူ ဝမ်နန်းဟာလည်း အသက် ၃၈ နှစ်အရွယ်မှာပဲ ဘီလျံနာ ဖြစ်လာခဲ့တာကြောင့် တရုတ်နိုင်ငံရဲ့ အသက်အငယ်ဆုံး ဘီလျံနာစာရင်း ဝင်ခဲ့ပါတယ်။

Ref: Pop Mart’s billionaire founder Wang Ning named 10th richest man in China

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top