ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားသမား တွေ နှာခေါင်းစည်းတပ်ဖို့မလို

12-6-2020-yyl-017.jpg

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်စရင် ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေအနေနဲ့ ကွင်းထဲမှာ နှာခေါင်းစည်းတပ်ဖို့ မလိုအပ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ရပ်နားထားရတဲ့ ဘွန်ဒက်စ်လီဂါပြိုင်ပွဲကို ပြန်လည်စတင်ချိန်မှာ ပွဲကစားနေချိန်ကလွဲပြီး ကျန်တဲ့အချိန်တွေမှာ ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေအနေနဲ့ နှာခေါင်းစည်းတပ်ထားဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာတော့ အဝတ်လဲခန်းနဲ့ အရန်ခုံတန်းလျားမှာ ထိုင်နေချိန်မှာလည်း နှာခေါင်းစည်းတပ်ဖို့ လိုအပ်မှာမဟုတ်ပါဘူး။ ကစားသမားတွေအနေနဲ့ ကွင်းထဲမှာ တံတွေးထွေးတာ၊ နှပ်ညှစ်တာမျိုး လုပ်ခွင့်မရသလို ဂိုးသွင်းပြီးအောင်ပွဲခံရင်လည်း တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေရမှာပါ။

ကွင်းထဲမှာ ဘောကောက်လူငယ်တွေ ထားရှိမှာမဟုတ်ဘဲ ပိုးသတ်ထားတဲ့ ဘောလုံးတွေကို မကြာခဏ လဲလှယ်အသုံးပြုမှာပါ။ ဇွန်လ ၁၇ ရက်မှာ ပြန်ကစားမယ့် ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးပွဲစဉ်မတိုင်ခင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့သူတွေကို ဝမ်းနည်းခြင်း အထိမ်းအမှတ်လုပ်တဲ့အနေနဲ့ တစ်မိနစ် ငြိမ်သက်ဆုတောင်းမှာပါ။ ရှေ့တန်းကနေ တာဝန်ထမ်းဆောင်ပေးနေတဲ့ အမျိုးသားကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ ဂျာစီမှာ အသည်းပုံအမှတ်တံဆိပ် ထည့်သွင်းဖော်ပြမှာဖြစ်ပါတယ်။ ပွဲနေ့တွေမှာ ကွင်းထဲ၊ ဥမင်လိုဏ်ခေါင်းထဲကို ဝင်ခွင့်ရသူ အရေအတွက်ကို ကန့်သတ်ထားမှာဖြစ်ပြီး ကွင်းတစ်ကွင်းမှာ စုစုပေါင်း လူ ၃၀၀ အထိပဲ ဝင်ခွင့်ပေးမှာပါ။ ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ ဒိုင်တွေရှိရာ အနီရောင်ဇုန်ထဲမှာ လူ ၁၁၀ ကျော်ခွင့်မရှိပါဘူး။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top