ကမ္ဘာကျော်အဆိုအဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ဝင် Suga ဟာ Yonsei Severance Hospital မှာ အော်တစ်ဇင်ကုသရေးစင်တာတည်ဆောက်ဖိုအတွက် ဝမ် ၅ ဘီလျံ (ဒေါ်လာ ၃၆၁၆၀၀၀) လှူဒါန်းထားပါတယ်။ ဆေးရုံနဲ့အတူ Sugaက အော်တစ်ဇင်ရောဂါနဲ့ လူနာတွေကို ကုသပေးနိုင်ဖို ကုသရေးစင်တာတည်ဆောက်သွားမှာဖြစ်တယ်လို Yonsei Severance Hospital ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇွန်လ ၂၃ ရက်နေ့မှာ ကြေညာခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက Suga ဟာ Department of Child and Adolescent Psychiatry ရဲ့ ခေါင်းဆောင် ပရော်ဖက်ဆာ Chun Geun Ah နဲ့ တွေ့ဆုံခဲ့ပြီး အော်တစ်ဇင်ကုသဖိုအတွက် ရေရှည်ပံ့ပိုးပေးနိုင်တဲ့ အထူးကုသရေးစင်တာတစ်ခုတည်ဆောက်ဖို လိုတာကို နားလည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တာပါ။ အခုတော့ အဲ့ဒီရည်ရွယ်ချက်ကြောင့် ဆေးရုံကို ဒေါ်လာ ၃ သန်းကျော်လှူဒါန်းမယ်လို Suga က ကြေညာခဲ့တာပါ။
Ref: BTS’ Suga Establishes Autism Treatment Center Under His Name With 5 Billion Won Donation
WL (ရိုးရာလေး)

