Netflix ရဲ့နာမည်ကြီးကိုရီးယားဇာတ်လမ်းတွဲ The Trauma Code: Heroes on Call ဟာ Season2 တင်မဟုတ်ဘဲ Season 3 ရော ထွက်ရှိလာဦးမှာဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Season 1 ဟာ အတော်လေးအောင်မြင်မှုရရှိခဲ့တဲ့အတွက် Season 2 နဲ့ Seaon 3 ထွက်ရှိဖို့ ပြင်ဆင်နေတယ်လို့ ဇွန်လ ၂၂ ရက်နေ့က သတင်းတွေမှာ ဖော်ပြထားပါတယ်။
ထုတ်လုပ်ရေးအဖွဲ့က Season 2 နဲ့ Season 3 နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ဖန်တီးနေတယ်လို့ ဆိုပါတယ်။ Season 2 မှာ အပိုင်း ၈ ပိုင်းပါဝင်မှာဖြစ်ပြီး ၄ ပိုင်းအတွက် ဇာတ်ညွှန်းတွေပြီးစီးသွားပြီလို့ သိရပါတယ်။
Season 1 မှာ ပါဝင်တဲ့ မူလသရုပ်ဆောင်တွေအပြင် ဇာတ်ကောင်အသစ်တွေလည်း ပါဝင်ဖို့ မျှော်လင့်ရပါတယ်။ Netflix ကတော့ဒီပရောဂျက်အတွက် တရားဝင်အတည်မပြုရသေးပါဘူး။ ထုတ်လုပ်ဖို့ ဆွေးနွေးနေကြပေမဲ့ အပြီးမသတ်ရသေးဘူးလို့ပဲ အပြုသဘောဆောင်ပြီး ပြောကြားထားပါတယ်။
Ref: Netflix’s ‘The Trauma Code: Heroes on Call’ set for seasons 2 and 3 after dominating charts and winning best drama
WL (ရိုးရာလေး)

