အိန္ဒိယရဲ့ Youtube ရွာ

3-10-2022-yyl18-1.jpg

အရင်တုန်းကတော့ ရွာခံတွေက လယ်သမားတွေ။ ဒါပေမဲ့ လယ်စိုက်တာထက် Youtube ပေါ်မှာ ဗီဒီယိုဖန်တီးရတာက ဝင်ငွေပိုကောင်းမှန်း သိသွားလို့ ရွာမှာ နေထိုင်သူ ၃ ပုံ၊ ၁ ပုံ ကျော်က Youtube ပေါ်မှာ ဗီဒီယိုဖန်တီးသူတွေ ဖြစ်လာကြတာပါ။

အိန္ဒိယနိုင်ငံ အလယ်ပိုင်း ချာတစ္စဂါပြည်နယ်က တူလ်စီရွာမှာ လူဦးရေ ၃၀၀၀ လောက်ရှိတဲ့အနက် ၁၀၀၀ ကျော်က You Tuber တွေ ဖြစ်နေကြပြီ။ YouTube ၊ TikTok ၊ Instagram ပေါ်မှာ ဗီဒီယိုဖန်တီးသူ အရေအတွက်က ၄၀ ရာခိုင်နှုန်းလောက် ရှိတယ်။

ဗီဒီယိုဖန်တီးသူတွေထဲမှာ အသက် အငယ်ဆုံးက ၁၅ နှစ်၊ အသက်အကြီးဆုံးက ၈၅ နှစ် ရှိပါပြီ။ ဟာသ၊ ဂီတ၊ ပညာရေး၊ DIY (ကိုယ်တိုင် လိုက်လုပ်ကြည့်နိုင်) အစရှိတဲ့ ဗီဒီယိုချန်နယ် ၄၀ ကျော်က တူလ်စီရွာမှာ အခြေစိုက်ပြီး အအောင်မြင်ဆုံး ချန်နယ်ကတော့ အားပေးသူ ၁ သိန်းကျော်အထိ ရှိနေပါတယ်။

Ref: India’s YouTube

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top