ကန်းဆက်ပြည်နယ်မှ စိုက်ပျိုးရေးသမားတစ်ဦးဟာ မင်္ဂလာသက်တမ်း နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် တစ်မိုင်ရှည်လျားတဲ့ ဂျုံခင်းထဲမှာ စာတမ်းဖော်ပြီး ဇနီးဖြစ်သူကို လက်ဆောင်ပေးခဲ့ပါတယ်။
ဂျက်ဆီဘလာစီနဲ့ ဆာရာဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ကန်းဆက်ပြည်နယ်မှ ဘားတစ်ခုမှာ ဆုံစည်းခဲ့ကြပြီး အိမ်အပြန်မှာလည်း ကားမှတ်တိုင် အတူတူဖြစ်ရာကနေ ချစ်သူအဖြစ် အကြောင်းဖန်ခဲ့ကြပါတယ်။ သူတို့က စိုက်ပျိုးရေးလုပ်ငန်း အတူတကွ လုပ်ကိုင်ကြပြီး သမီးနှစ်ယောက် ထွန်းကားခဲ့ပါတယ်။
ဘလာစီဟာ ဇနီးဖြစ်သူ ဆာရာကို မင်္ဂလာနှစ်ပတ်လည် လက်ဆောင်ပေးဖို့အတွက် ၈ လကြာ အချိန်ယူပြီး ဂျုံခင်းထဲမှာ ” ဂျက်ဆီ + ဆာရာ နှစ် ၂၀ ” ဆိုတဲ့ စာတမ်းဖော်ခဲ့တာပါ။ ဘလာစီဟာ အရောင် မတူညီတဲ့ ဂျုံနှစ်မျိုးကို စိုက်ပျိုးပြီး အခုလို ပုံဖော်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်က နေကြာခင်းထဲမှာ စာတမ်းဖော်ခဲ့တဲ့ ကန်းဆက်ပြည်နယ်မှ အခြားစိုက်ပျိုးရေးသမားတစ်ဦးရဲ့ လုပ်ရပ်ကို သဘောကျပြီး ဘလာစီက အခုလို လိုက်လုပ်ခဲ့တာလို့ ဆိုပါတယ်။
Ref: Golden Wheat Anniversary: Farmer Uses Crop Field to Create One-Mile Message for Wife of 20 Years
NZ ( ရိုးရာလေး)

