ပရိသတ် ၉၀,၀၀၀ ဆံ့တဲ့ ဝင်ဘလေကွင်းမှာ ခါဘီနဲ့ မက်ဂရီဂေါ် စိတ်မကျေပွဲ နွှဲဖွယ်ရှိတယ်လို့ UFC ဥက္ကဋ္ဌ ပြော

yyl-015-11.jpg

ရုရှားသိုင်းပေါင်းစုံကစားသမား နာမာဂိုမီဒေါ့ဗ်နဲ့ အိုင်ယာလန်သိုင်းပေါင်းစုံ ကစားသမား မက်ဂရီဂေါ်တို့ရဲ့ စိတ်မကျေပွဲကို ပရိသတ် ၉၀၀၀၀ ဝင်ဆံ့တဲ့ ဝင်ဘလေကွင်းမှာ ကျင်းပသွားနိုင်တယ်လို့ UFC ဥက္ကဋ္ဌ ဒါနာဝှိုက်က ပြောပါတယ်။ အသက်(၃၁)နှစ်ရှိတဲ့ မက်ဂရီဂေါ်ဟာ (၁၅)လကြာ ဝေးကွာနေတဲ့ သံဇကာဝိုင်းထဲ တစ်ကျော့ပြန် ဝင်ရောက်လာချိန်မှာ အမေရိကန် သိုင်းပေါင်းစုံကစားသမား ဆီရိုနီ(ကောင်းဘွိုင်)ကို ပွဲချိန်(၃၇)စက္ကန့်နဲ့ ဒိုင်ပွဲရပ် အနိုင်ယူနိုင်ခဲ့ပါတယ်။ မက်ဂရီဂေါ်ဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၇ ရက်က လက်စ်ဗီးဂတ်စ်မြို့မှာ ခါဘီနဲ့ ထိုးသတ်ခဲ့ပြီး (၄)ချီမြောက်မှာ ရှုံးနိမ့်ခဲ့ဖူးပါတယ်။ ခါဘီဟာ သိုင်းပေါင်းစုံ ကစားသမားဘဝတစ်လျှောက် (၂၈)ပွဲ ထိုးသတ်ရာမှာ (၂၈)ပွဲလုံး အနိုင်ရခဲ့သူပါ။ မက်ဂရီဂေါ်ရဲ့ တစ်ကျော့ပြန်နိုင်ပွဲကြောင့် ခါဘီနဲ့ စိတ်မကျေပွဲနွှဲဖို့ လမ်းစပေါ်လာပြီး မက်ဂရီဂေါ်က မော်စကိုမြို့မှာ သွားရောက်ထိုးသတ်ဖို့ ဆန္ဒရှိနေပါတယ်။

“အကြောင်းကိစ္စတော်တော်များများကြောင့် စိတ်မကျေပွဲကို မော်စကိုမှာ လုပ်ဖို့မရှိပါဘူး။ ဗြိတိန်၊ နယူးယော့ခ်၊ ဒဲလက်စ် ဒါမှမဟုတ် ဗီးဂတ်စ်မှာ လုပ်ဖို့ရှိပါတယ်။ ဗီးဂတ်စ်က ပွဲစီစဉ်ဖို့ အကောင်းဆုံးနေရာပါ။ ဒါပေမဲ့ နောက်ဆုံးပွဲမှာ ဖြစ်ခဲ့တဲ့အခြေအနေကြောင့် ခါဘီက ဗီးဂတ်စ်မှာ ထိုးဖို့ သဘောမကျပါဘူး။ ဝင်ဘလေကွင်းမှာ ထိုးဖြစ်ကောင်းထိုးဖြစ်နိုင်တယ်။ အန်သိုနီဂျိုရှုအာရဲ့ပွဲတွေဆိုရင် ပရိသတ် ၉၀၀၀၀ လောက် လာကြည့်တယ်။ ဒါမှမဟုတ် ကာဒစ်ဖ်မှာလည်း လုပ်ဖြစ်ဖို့ရှိတယ်။ ဥရောပက အားကစားကွင်းတစ်ခုမှာ ကျင်းပမယ်ဆိုရင်တော့ အိုင်ယာလန်နိုင်ငံမှာ(ဒဗ္ဗလင်မြို့က ပရိသတ် ၈၂၀၀၀ ဝင်ဆံ့တဲ့ ခရိုကီပါ့ခ်ကွင်း) လုပ်ဖြစ်ဖို့ ရှိပါတယ်’’လို့ ဒါနာဝှိုက်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top