ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံတော်ဓာတ်အားလိုင်းစနစ်ကို တရုတ်နိုင်ငံက ပိတ်ပစ်နိုင်

yyl-002-10.jpg

တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံတော်ဓာတ်အားစနစ်ကို ပိတ်ပစ်နိုင်ဖွယ်ရှိတယ်လို့ ဖိလစ်ပိုင်လွှတ်တော် အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ၂၀၀၉ ခုနှစ်ကစတင်ပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံတော်ဓာတ်အားစနစ် တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ခဲ့တာပါ။ အဲဒီလိုအနေအထားမှာ တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံအပေါ် နိုင်ငံရေးလွှမ်းမိုးချင်တဲ့ ရည်မှန်းချက်ရှိနေရင် ဖိလစ်ပိုင်နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နိုင်မလားလို့ အထက်လွှတ်တော်အမတ် တစ်ယောက်က မေးခွန်းထုတ်ခဲ့ပါတယ်။

”ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံတော်ဓာတ်အားစနစ်ကို ပြည်ပနိုင်ငံရဲ့ ကော်ပိုရေးရှင်းထံ ပေးအပ်ထားပါတယ်။ အဲဒီနိုင်ငံက အနောက်ဖိလစ်ပိုင်ပင်လယ်(တောင်တရုတ်ပင်လယ်)မှာ ကျွန်တော်တို့နိုင်ငံနဲ့ အကျိုးစီးပွားချင်း ထိပ်တိုက်တွေ့နေတာပါ”လို့ ဖိလစ်ပိုင်နိုင်ငံ အထက်လွှတ်တော်အမတ် ဂေါ်ဒွန်က ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ တစ်ခုပဲရှိတဲ့ ဓာတ်အားလိုင်းကို ဖိလစ်ပိုင် နိုင်ငံတော်ဓာတ်အားစနစ် ကော်ပိုရေးရှင်းက လည်ပတ်နေပြီး အဲဒီကော်ပိုရေးရှင်းမှာ တရုတ်နိုင်ငံရဲ့ State Grid Corp ကုမ္ပဏီက ၄၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံတော်ဓာတ်အားစနစ်ကို အဝေးထိန်းခလုတ်နဲ့ ပိတ်ပစ်နိုင်ပေမဲ့ ၂၄ နာရီနဲ့ ၄၈ နာရီအတွင်းမှာ ဖိလစ်ပိုင်နိုင်ငံက ပြန်လည်ပြင်ဆင်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top