အဆိုတော်ပို့စ်မာလုန်းရဲ့ရှိုးပွဲလာတဲ့လမ်းမှာ ဒေါ်လာ ၁ သိန်းဆုကြီး ကံထူးခဲ့သူ

7.8.23-yyl-8.jpg

အမျိုးသားတစ်ဦးဟာ သူ ဒေါ်လာ ၁ သိန်းထီဆုကြီး ဆွတ်ခူးစေဖို့ လှုံ့ဆော်ပေးသူအဖြစ် ရက်ပ်ပါအဆိုတော် ပို့စ်မာလုန်းကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က ဒီထီဆုကြီးကို ထုတ်ပြီးသွားခဲ့တဲ့ ဇာချာရီ ရှက်ပီဆိုသူ အမျိုးသားဟာ ဇူလိုင် ၂၉ ရက်နေ့က ပို့စ်မာလုန်းရဲ့ဖျော်ဖြေပွဲကို သွားရောက်ခဲ့တာပါ။ ပို့စ်မာလုန်းက ရှိုးပွဲကျင်းပခဲ့တဲ့အတွက် သူ့ဘဝရဲ့အကောင်းဆုံးရက်တွေထဲကတစ်ခုဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဆိုးရွားတဲ့ရာသီဥတုအခြေအနေကြောင့် ရှိုးပွဲရောက်ဖို့ နှောင့်နှေးခဲ့ရပါတယ်။

မုန်တိုင်းကြောင့် ဇနီးနဲ့ကလေးတွေနဲ့အတူ လာခဲ့တဲ့ ရှက်ပီက မူလစီစဉ်ထားတာထက် များစွာနောက်ကျခဲ့ပါတယ်။ သူတို့မိသားစုက သန့်စင်ခန်းသုံးဖို့ Sheetz Convenience Store ကို ခဏရပ်နားခဲ့ပါတယ်။ ရှက်ပီက အဲဒီဆိုင်ကနေ ခဲခြစ်ထီလက်မှတ် ၂ စောင်ဝယ်ယူဖြစ်ခဲ့ပါတယ်။ ပထမဆုံးထီလက်မှတ်က ဒေါ်လာ ၃၀၀ ပဲကံစမ်းခဲ့ပြီး ဒုတိယထီလက်မှတ်ကို ခဲခြစ်ကြည့်လိုက်တော့ ဒေါ်လာ ၁ သိန်းဆု ကံစမ်းသွားခဲ့ပါတယ်။ ရှက်ပီလည်း ဒီထီဆုကြီးပေါက်တာကို မြင်လိုက်တဲ့အချိန်မှာ စကားမပြောနိုင်လောက်အောင် တအံ့တဩဖြစ်သွားခဲ့ရတာပါ။

ရှက်ပီက ဒီငွေတွေကို သူ့ကလေးတွေရဲ့ပညာရေး၊ မီးဖိုး၊ရေဖိုးနဲ့ အခြားအရေးပေါ်အခြေအနေတွေအတွက် အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။ အခွန်ဆောင်အပြီးမှာ ထီဆုကြေး ၇၁၂၅၉ ဒေါ်လာ ရရှိသွားခဲ့ပါတယ်။

Ref: Man Thanks Rapper Post Malone For Helping Him Win A $100k Lottery Prize

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top