အကြောသေနေသူတွေ ကိုယ်လက်လှုပ်ရှားမှု ပြန်လုပ်နိုင်စေမယ့် ကမ္ဘာ့ပထမဆုံး အီလက်ထရောနစ် ကျောရိုးကို သိပ္ပံပညာရှင်တွေက ထည့်သွင်းစမ်းသပ်ခဲ့ကြပါတယ်။ အီလက်ထရောနစ် ကျောရိုးမအချက်ပြစက် (electrical spinal cord stimulator)လို့ လူသိများတဲ့ ဒီကိရိယာကို ကျောရိုးမထဲ ထည့်သွင်းပြီး လှုပ်ရှားမှုတွေကို ထိန်းချုပ်တဲ့ ဦးနှောက်အချက်ပြမှုပုံစံ ပုံဖော် စေလွှတ်တာ ဖြစ်ပါတယ်။
ကနဦးစမ်းသပ်မှုတွေအရ ကျောရိုးမဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထားသူတွေဟာ ဒီကိရိယာကြောင့် မတ်တတ်ရပ်နိုင်၊ လမ်းလျှောက်နိုင်၊ စက်ဘီးစီးနိုင်တဲ့အထိ လှုပ်ရှားလာနိုင်တာ တွေ့ရပါတယ်။ ဇီဝအင်ဂျင်နီယာ၊ ဉာဏ်ရည်တုနည်းပညာ၊ အာရုံကြောစနစ် အစားထိုးမှုတွေ ပေါင်းစပ်ထားတဲ့ ဒီဖန်တီးမှုဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အကြောသေနေသူ သန်းပေါင်းများစွာအတွက် မျှော်လင့်ချက်ရောင်ခြည် ဖြစ်လာမယ်လို့ ယူဆထားကြပါတယ်။
NeuroRestore သုတေသနစင်တာမှ ဂရီဂိုရီကာ်တင်းနဲ့ ဂျိုဆီလင်းဘလော့ချ်တို့ ဦးဆောင်တဲ့အဖွဲ့က အီလက်ထရောနစ် ကျောရိုးမအချက်ပြစက်ကို တီထွင်ဖန်တီးခဲ့ကြတာပါ။
Ref: Robotics and spinal stimulation restore movement in paralysis
NZ ( ရိုးရာလေး)

