လက်ထပ်ခွင့်တောင်းတဲ့ ကမ္ဘာ့အကြီးဆုံး GPS ရုပ်ပုံဖော်ခဲ့လို့ နာမည်ကြီးခဲ့တဲ့ ဂျပန်အမျိုးသား

26.7.23-yyl-1.jpg

ဂျပန်လူမျိုး ရာဆန် (နာမည်အရင်း ရာဆုရှီ တာခါဟာရှီ) ဆိုသူက GPS နဲ့ သူ့ကောင်မလေးကို လက်ထပ်ခွင့်တောင်းတဲ့စာသားပုံဖော်ခဲ့ပါတယ်။ အဲဒီအတွက် သူက ဂျပန်နိုင်ငံတစ်ဝှမ်း လမ်းလျှောက်ပြီးသွားခဲ့သလို ကား၊ ဆိုင်ကယ်တွေကိုလည်း စီးပြီးသွားခဲ့ပါတယ်။ အဲဒီ GPS ရုပ်ပုံကို ဖန်တီးနိုင်ဖို့အတွက် အချိန် ၆ လယူခဲ့ရတာပါ။ ရာဆန်က GPS ကို သယ်ဆောင်ပြီးတော့ ၇၁၆၃.၇ ကီလိုမီတာ သွားခဲ့တာပါ။

ရာဆန် အိမ်ပြန်ရောက်တဲ့အခါမှာ Google maps ထဲ ဒေတာတွေကို download လုပ်ခဲ့တယ်။ Google maps မှာ “Marry Me” ဆိုတဲ့ GPS ရုပ်ပုံပေါ်လာခဲ့ပါတယ်။ ဒါကို ရာဆန်ဖန်တီးခဲ့တာက ၂၀၁၀ ခုနှစ်ကပါ။ အဲဒီအချိန်တုန်းက သူ့ရဲ့GPS ရုပ်ပုံဟာ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနက်စ်စံချိန်ချိုးခဲ့ပါတယ်။

ရာဆန်က GPS ရုပ်ပုံကြီးတွေကို ဖန်တီးနေခဲ့တာ နှစ်တော်တော်ကြာပါပြီ။ အဲဒါတွေဖန်တီးဖို့အတွက် ၂၀၀၈ ခုနှစ် ဇွန်လမှာ အလုပ်ထွက်ခဲ့တာပါ။ ၂၀၀၈ ခုနှစ်ကစပြီး အခုအချိန်ထိ GPS ရုပ်ပုံတွေကို ဖန်တီးနေတုန်းပါပဲ။ သူ့ရဲ့ဖန်တီးမှုတွေကို https://gpsdrawing.info/မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Ref: Meet the Japanese artist who made the worlds largest GPS drawing for his marriage proposal

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top