အခုနှစ်ထဲ နာမည်ကြီးကုန်အမှတ်တံဆိပ် ၃၀ ကျော်ကို ကြော်ငြာပေးနေရတဲ့ ထိပ်တန်းထိုင်းမင်းသမီးချော Bella Ranee

21.12.23-yyl-6.jpg

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ မြန်မာပရိသတ်တွေရဲ့ချစ်ခင်နှစ်သက်မှုကို ရရှိထားတဲ့ ထိုင်းမင်းသမီးချော Bella Ranee လည်း အပါအဝင်ပါပဲ။ ၂၀၂၃ ခုနှစ်က သူ့အတွက် ကောင်းတဲ့နှစ်တစ်နှစ်လို့ ဆိုရမှာပါ။ အခုနှစ်ထဲ နာမည်ကြီးကုန်အမှတ်တံဆိပ် ၃၀ ကျော်ကို ကြော်ငြာလက်ခံထားရတဲ့အတွက်ကြောင့်ပါ။

Thai Channel 3 မှာ နာမည်ကြီးဒရာမာ Prom Likit (Love Destiny 2) ထုတ်လွှင့်ပြသပြီးတဲ့နောက်မှာလည်း နောက်ထပ်ကုန်အမှတ်တံဆိပ် ၂ ခုအတွက် Ambassador ဖြစ်လာခဲ့ပါတယ်။ Bella က ရေချိုးဆပ်ပြာ၊ အလှကုန်ပစ္စည်း၊ ခေါင်းလျှော်ရည်၊ ဖိနပ်၊ ဖုန်း၊ အချိုရည်အပါအဝင် ကုန်ပစ္စည်းတွေကို လက်ခံကြော်ငြာပေးနေရတာပါ။

ထိုင်းနိုင်ငံက FENDI နိုင်ငံတကာအမှတ်တံဆိပ်နဲ့လက်တွဲခဲ့တာလည်း ကြာလှပါပြီ။ Nation TV ရဲ့ထုတ်ပြန်ချက်ကို အခြေခံပြီးတော့ Bella က ကြော်ငြာတစ်ခုအတွက် ဘတ် ၉ သန်းရရှိတယ်လို့ သိရပါတယ်။ အခုနှစ်မှာတော့ Bella ရဲ့သရုပ်ဆောင်ပီပြင်မှုတွေကို မြင်တွေ့ခဲ့ရတဲ့ Prom Likit ဒရာမာက တစ်နှစ်တာကြည့်ရှုနှုန်းအများဆုံးနဲ့အအောင်မြင်ဆုံးဇာတ်ကားဖြစ်ပါတယ်။

Ref: The Top Actress Bella Ranee Is Endorsing 30+ Luxury Brands This 2023

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top