တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ သိပ္ပံပညာရှင်တွေဟာ ပုံမှန်အတိုင်း အလုပ်လုပ်နိုင်တဲ့ လူသားကျောက်ကပ်တစ်လုံးကို ဓာတ်ခွဲခန်းမှာ ဇီဝနည်းအရ ဖန်တီးနိုင်ခဲ့ပါတယ်။ ပင်မဆဲလ်၊ ဟိုက်ဒရိုဂျယ် ငြမ်း၊ ဟန်ချက်ထိန်းပေးတဲ့ လျှပ်ပျော်ရည်တွေနဲ့ ဖန်တီးထားတာဖြစ်ပြီး သွေးစစ်ထုတ်ပေးတာ၊ ဆီး စွန့်ထုတ်တာ စတဲ့ အရာတွေကို လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။
ဓာတ်ခွဲခန်းမှာ ဖန်တီးထားတဲ့ ကျောက်ကပ်ဟာ နာရီ ၆၀ ကြာ အတိမ်းအစောင်းမရှိ အလုပ်လုပ်နိုင်ခဲ့ပြီး ပြန်လည်နုပျိုသန်စွမ်းစေသောဆေးဝါးကဏ္ဍအတွက် ခေတ်သစ်တစ်ခု အစပျိုးချိန်လို့လည်း သတ်မှတ်ခံထားရပါတယ်။
Ref: Chinese scientists have grown a fully functional human kidney in the lab.
NZ ( ရိုးရာလေး)

