သေနတ် (၁၁) လက်ခိုးယူခံလိုက်ရတဲ့ နယူးဇီလန်နိုင်ငံကရဲစခန်း

59299082_2356812064349700_7336827885677707264_n.jpg

ဖောက်ထွင်းသူတစ်ယောက်ဟာ နယူးဇီလန်နိုင်ငံက ရဲစခန်းတစ်ခုကနေ သေနတ် (၁၁) လက် ခိုးယူခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ခိုးယူခံရတဲ့သေနတ်တချို့ဟာ ခရစ်ချာ့ချ်မြို့ ဗလီနှစ်လုံးတိုက်ခိုက်ခံရပြီးနောက် အာဏာပိုင်တွေထံ အပ်နှံခဲ့တဲ့သေနတ်တွေဖြစ်ပါတယ်။ ဖောက်ထွင်းသူဟာ မြောက်ပိုင်းကျွန်းမှာရှိတဲ့ ပယ်မာစတန်နော့ခ်မြို့ကရဲစခန်းကိုဖောက်ထွင်းပြီး ကားတစ်စီးနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

နောက်ပိုင်းမှာ သူအသုံးပြုခဲ့တဲ့ကားကို တွေ့ရှိခဲ့ပါတယ်။ အဲဒီသေနတ်တွေက ရဲတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်တွေ မဟုတ်ဘဲ ခင်းကျင်းပြသဖို့သိမ်းဆည်းထားတဲ့နေရာကသေနတ်တွေလို့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေးမှူး ဆာရာစတီးဝပ်က ပြောပါတယ်။ နယူးဇီလန်နိုင်ငံသမိုင်းတစ်လျှောက် လူသေဆုံးမှုအများဆုံးတိုက်ခိုက်မှုဖြစ်တဲ့ ခရစ်ချာ့ချ်မြို့က ဗလီနှစ်လုံးတိုက်ခိုက်ခံရပြီးချိန်မှာ အစိုးရက စစ်ဘက်ဆိုင်ရာမှာအသုံးပြုတဲ့ မောင်းပြန်သေနတ်နဲ့ တခြားလက်နက်တွေကို ပိတ်ပင်တဲ့ဥပဒေသစ်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top