စာပို့သမားတစ်ဦးဟာ သူ စာပို့ရာလမ်းကြောင်းတစ်နေရာက ခွေးလေးတစ်ကောင်အပေါ် သံယောဇဉ်ဖြစ်သွားခဲ့ပြီး ခွေးပိုင်ရှင် သေဆုံးတော့ အဲ့ဒီခွေးလေးကို မွေးဖို့ ဖြစ်လာခဲ့ပါတယ်။ စာပို့သမား အီအန် ဘာ့ခ်ဆိုတဲ့ စာပို့သမားက စာပို့ရင်း Floyd လို့ခေါ်တဲ့ တက်ကြွတဲ့ခွေးကလေးနဲ့ လွန်ခဲ့တဲ့ ၃ နှစ်က တွေ့ဆုံခဲ့တာပါ။ Floyd က သူ စာလာပို့ရင်း သူ့နောက်ကို ပြေးလိုက်လေ့ရှိပါတယ်။
နောက်တော့ အီအန်နဲ့ Floyd ကြား ခင်မင်ရင်းနှီးလာခဲ့ပါတယ်။ Floyd ရဲ့ပိုင်ရှင်က ဗီယက်နမ်စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တယ်ဆိုတာကို သိခဲ့ရပါတယ်။ Floyd ရဲ့နာမည်အရင်းက Pretty Boy Floyd ဖြစ်ပြီး ၁၉၃၀ ခုနှစ်ရဲ့ဘဏ်ဖောက်ထွင်းသူရဲ့နာမည်ကို ပေးထားတာပါ။
Floyd က အီအန်ကို ပွေ့ဖက်ရတာနှစ်သက်တယ်။ အရင်က သိခဲ့ကြတဲ့ သူငယ်ချင်းတစ်ယောက်လို ပြုမူလေ့ရှိပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်မှာ အီအန်က စာပို့တဲ့လမ်းကြောင်းပြောင်းသွားတော့ ပုံမှန်သွားနေကျနေရာကို မသွားဖြစ်တော့ဘဲ Floyd နဲ့ မတွေ့ဖြစ်တော့ပါဘူး။ အခုနှစ် မေလမှာတော့ အီအန်က အခြားစာပို့သမားဆီကနေ Floydရဲ့သခင် ဆုံးသွားပြီး Floydက တိရစ္ဆာန်ဂေဟာမှာ နေနေရတယ်ဆိုတာကို သိခဲ့ရပါတယ်။
Floyd ကို တိရစ္ဆာန်ဂေဟာမှာ မနေစေချင်တာကြောင့် တိရစ္ဆာန်ဂေဟာကို သွားပြီးတော့ Floyd ကို မွေးစားဖို့လုပ်ခဲ့ပါတယ်။ Floyd ကို မွေးမယ့်သူမရှိသေးတာ အီအန်အတွက် ကံကောင်းသွားခဲ့ပါတယ်။ အခုဆို အီအန်က Floydနဲ့အတူရှိနေပါပြီ။
Ref: Mailman adopts longtime dog on his North Texas route after owner dies
WL (ရိုးရာလေး)

