အသားကင်စားရာကနေ တောမီးအကြီးအကျယ်လောင်ခဲ့လို့ ယူရို (၁၃) သန်းကျော် လျော်ကြေးပေးခဲ့ရသူ (၂) ယောက်

57798875_2336129603084613_6509189289761308672_n.jpg

အီတလီနိုင်ငံ ကိုမိုဒေသက တောမီးအကြီးအကျယ်လောင်ကျွမ်းမှုအတွက် အပြစ်ရှိတဲ့ ကျောင်းသား (၂) ယောက်ဟာ တစ်ဦးကို ယူရို (၁၃.၅) သန်းစီ ဒဏ်ငွေချမှတ်ခံခဲ့ရပါတယ်။ အသက် (၂၂) နှစ်အရွယ်ရှိတဲ့ တက္ကသိုလ်ကျောင်းသား (၂) ယောက်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၃၀) ရက်နေ့က သူတို့အဘိုးတစ်ယောက် ပိုင်ဆိုင်တဲ့ တောင်ပေါ်အိမ်မှာ အသားကင်လုပ်စားရင်း မီးလောင်ခဲ့တာပါ။ တောမီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပွားခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုကို တွက်ချက်ရာမှာ အသုံးပြုတဲ့ ပုံသေနည်းအပေါ်မူတည်ပြီး ကျောင်းသား (၂) ယောက်ကို ဒဏ်ငွေချမှတ်ခဲ့တာပါ။

ဒါပေမဲ့ ကျောင်းသားတစ်ယောက်ကတော့ ဒီဖြစ်ရပ်မှာ အချောင်ဓားစာခံဖြစ်ခဲ့ရတာလို့ ပြောပါတယ်။ တောမီးလောင်ကျွမ်းမှုမှာ မီးစတင်လောင်ကျွမ်းရာနေရာကို ခြေရာခံရှာဖွေခဲ့ကြတဲ့ အစိုးရရှေ့နေတွေက သူတို့အိမ်ကို ရောက်လာခဲ့ပြီး အသားကင်ရာမှာ အသုံးပြုတဲ့ မီးခဲတွေကနေ မီးစတင်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။ မွန်တီမာလင်ဂီရာဒေသက တောမီးလောင်ကျွမ်းမှုဟာ ရက်တော်တော်ကြာခဲ့ပြီး ဟက်တာဧက ၁၀၀၀ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဟက်တာဧက ၁၀၀ ကတော့ အကောင်းပကတိအတိုင်း ပြန်မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top