အမျိုးသားတစ်ယောက်ဟာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်မှုအတွင်း လူပေါင်း ၁၀၀ ကျော်ကို မြေထိုးစက် (ဘူဒိုဇာ) နဲ့ ကယ်တင်ခဲ့တာကြောင့် ဘူဒိုဇာသူရဲကောင်းဖြစ်လာခဲ့ပါတယ်။ သူကတော့ ပေကျင်းမြို့က ဝမ်ထန်ယွီဆိုတဲ့ အသက် ၃၅ နှစ်အရွယ် ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ပါ။
ဇူလိုင်လ ၂၈ ရက်နေ့က ဝမ်ထန်ယွီဟာ သူ့သူငယ်ချင်းဆီက ဖုန်းလာလို့ အိပ်နေရာကနေ နိုးလာခဲ့ပါတယ်။ သူ့သူငယ်ချင်းက ရွာတစ်ရွာမှာ ပိတ်မိနေတဲ့ သူ့မိသားစုကို ကယ်တင်ဖို့ အကူအညီလိုနေတယ်လို့ ပြောလာခဲ့တာပါ။ ဝမ်က ချက်ချင်းပဲ သူ့ကုမ္ပဏီက ဘူဒိုဇာကို မောင်းချလာခဲ့ပြီး လမ်းမှာ သူ့သူငယ်ချင်းကို ဝင်ခေါ်သွားခဲ့ပါတယ်။ ရွာမှာရှိတဲ့ ရေက အနည်းဆုံး ၁ မီတာမြင့်တက်နေပါတယ်။ သူတို့သူငယ်ချင်းနှစ်ဦးက လမ်းတစ်လျှောက်မှာ ရှိတဲ့ ရွာသူရွာသားတွေကို ခေါ်သွားခဲ့ပါတယ်။ တချို့က အမိုးပေါ်က တက်လိုက်ကြပြီး တချို့ကတော့ ဘူဒိုဇာရဲ့ဂေါ်ပြားအတွင်းက လိုက်ကြပါတယ်။

ဝမ်က ဘူဒိုဇာနဲ့ ကယ်တင်တာ လူ ၁၀၀ ကျော်ရှိတယ်။ တစ်ခါကယ်ရင် လူ ၁၀ ဦးရှိတယ်လို့ ဆိုပါတယ်။ ဝမ်က ကယ်ဆယ်ရေးကို မီးသတ်သမားတွေနဲ့ လုပ်ဆောင်ခဲ့တာပါ။ ဘူဒိုဇာက လူတော်တော်များများကို အချိန်မီကယ်ထုတ်နိုင်စေခဲ့တယ်လို့ မီးသတ်ဌာနအကြီးအကဲကလည်း ပြောပါတယ်။
ရေလွှမ်းမိုးမှုကြောင့် ဘူဒိုဇာက အကြိမ်ပေါင်းများစွာ ရေနစ်မြုပ်လုနီးပါးဖြစ်တဲ့အတွက် ဝမ်က ကြောက်စိတ်တော့ဖြစ်မိခဲ့ပါတယ်။ ရေတွေကလည်း ယာဉ်မောင်းခန်းထဲကို စီးဝင်ပါတယ်။ သူဟာ အဲ့ဒီနေ့က မနက် ၆ နာရီကနေ ည ၇ နာရီအထိ မရပ်မနား ကယ်ဆယ်ရေးတွေလုပ်ခဲ့တာပါ။ သူ့ရဲ့အခုလိုလုပ်ရပ်အတွက် ဘူဒိုဇာသူရဲကောင်းလို့ နာမည်ပြောင်ရလာခဲ့ပါတယ်။
Ref: China ‘Bulldozer Hero’ saves over 100 flood victims during heavy rain that lashes Beijing
WL (ရိုးရာလေး)

