၂ မှတ်ရရင် လာလီဂါဖလား ဆွတ်ခူးနိုင်တော့မယ့် ရီးရဲလ်

14-7-2020-yyl-007.jpg

ဂရန်နာဒါကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ ရီးရဲလ်အသင်းက လက်ကျန်ပွဲစဉ်(၂)ပွဲမှာ ၂ မှတ်ရရင် လာလီဂါဖလားကို ဆွတ်ခူးနိုင်တော့မှာပါ။ ရီးရဲလ်ဟာ လာလီဂါပွဲစဉ်(၃၆)ပွဲ ကစားပြီးချိန်မှာ အဆင့်(၂) နေရာက ဘာစီလိုနာအသင်းကို ၄ မှတ်ဖြတ်ထားပြီး ထိပ်တိုက်တွေ့ဆုံမှုအရလည်း အသာရနေတဲ့အတွက် နောက်ထပ်(၂)မှတ်ရရင် လာလီဂါဖလား ဆွတ်ခူးနိုင်တော့မှာပါ။

ရီးရဲလ်ဟာ လက်ကျန်ပွဲစဉ်(၂)ပွဲမှာ အဆင့်(၅) နေရာက ဗီလာရီးရဲလ်ကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး တန်းဆင်းဇုန်အန္တရာယ်ရှိနေတဲ့ လီဂါနက်စ်ကို အဝေးကွင်းမှာ ကစားရမှာပါ။ နောက်ပိုင်းပွဲစဉ်တွေမှာ ရီးရဲလ်အသင်း ခြေစွမ်းပြပြီး နိုင်ပွဲဆက်နေပေမဲ့ ဂါရတ်ဘေးလ်ကတော့ အရန်ခုံမှာ ထိုင်နေရစမြဲပါပဲ။ နည်းပြဇီဒန်းရဲ့ ဦးစားပေးခြင်းမခံရတဲ့ ဘေးလ်ဟာ အရန်ခုံကနေ လှောင်ပြောင်တဲ့ပုံစံတွေလုပ်ပြခဲ့တာ တွေ့ရပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top