Apple က ဒေါ်လာ ၃ ထရီလီယံ တန်ဖိုးရှိတဲ့ ပထမဆုံးအမေရိကန်ကုမ္ပဏီဖြစ်လာနိုင်

15.12.2021yyl1.jpg

ဒီဇင်ဘာ ၁၄ ရက်နေ့ မနက်ခင်းက iPhone ထုတ်လုပ်တဲ့ Apple ကုမ္ပဏီရဲ့ရှယ်ယာတွေ မတည်ငြိမ်ဖြစ်ခဲ့ပေမဲ့ အမေရိကန်ကုမ္ပဏီတစ်ခုမှမရောက်ဖူးတဲ့ ဒေါ်လာ ၃ ထရီလီယံကို ရောက်ရှိဖို့ နည်းနည်းပဲ လိုပါတော့တယ်။ သမိုင်းတင်နိုင်မယ့် ဒေါ်လာ ၃ ထရီလီယံဖြစ်ဖို့ ဒေါ်လာ ၁၈၂.၈၆ ရဲ့ ၄ ရာခိုင်နှုန်းလောက် လျော့နည်းပြီး ရှယ်ယာတစ်ခုကို ဒေါ်လာ ၁၇၅.၂၅ ဖြစ်သွားခဲ့ပါတယ်။ ဒီဇင်ဘာ ၁၃ ရက်နေ့ကတော့ Apple ရဲ့ရှယ်ယာတွေက တစ်ချိန်လုံးမြှင့်တက်နေတာပါ။

နည်းပညာကုမ္ပဏီကြီးရဲ့စတော့ရှယ်ယာ‌တွေက ၂၀၂၁ခုနှစ်မှာ ၃၀ ရာခိုင်နှုန်းကျော်ခဲ့ပြီး လွန်ခဲ့တဲ့ ၅ နှစ်ကျော်အတွင်း ၅၀၀ ရာခိုင်နှုန်းနီးပါး အရှိန်ဟုန်ပြင်းပြင်းနဲ့ မြှင့်တက်ခဲ့ပါတယ်။ Apple ကုမ္ပဏီက တိုးတက်မှုကို သံသယရှိနေတဲ့သူတွေကို ဆက်လက်သက်သေပြနေတဲ့အတွက် ဒေါ်လာ ၃ ထရီလီယံ ထိရောက်ဖို့က ကုမ္ပဏီအတွက် နောက်ထပ် အရေးပါတဲ့အပြောင်းအလဲဖြစ်လာလိမ့်မယ်လို့ Wedbush Securities ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီရဲ့မန်နေးဂျင်းဒါရိုက်တာ ဒန် အီဗီစ် (Dan Ives) က ဆိုပါတယ်။

ဒန် အီဗီစ်ရဲ့ပြောစကားအရ ကမ္ဘာတစ်ဝှမ်း iPhone ထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေတဲ့ ပစ္စည်းကိရိယာတန်ဆာပလာတွေပြတ်တောက်မှုက Apple အတွက် ပြဿနာတစ်ခုအဖြစ် ကျန်ရှိနေပါတယ်။ ဒါပေမဲ့ ၂၀၂၂ခုနှစ် အစောပိုင်းမှာတော့ ဒီပြဿနာ ပြေလည်သွားမယ်လို့ မျှော်လင့်ထားကြောင်း ဒန် အီဗီစ်က ပြောပါတယ်။ ချစ်ပ်ပြတ်လပ်မှုတွေနဲ့ အခြားအရာတွေရှိနေပေမဲ့ Apple က အားလပ်ရက်ရာသီအတွက် iPhone အလုံးရေ သန်း၄၀ ကို ရောင်းချဖို့ ရှေ့ကဉီးဆောင်နေတယ်လို့ သူ ခန့်မှန်းထားကြောင်း ဆိုပါတယ်။

Apple လျှပ်စစ်ကားပရောဂျက်ရဲ့ ကောလာဟလတွေကလည်း နည်းပညာကုမ္ပဏီကြီးရဲ့အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံသူတွေရဲ့စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ ၂၀၂၀ခုနှစ် ဩဂုတ်လက ကပ်ရောဂါဖြစ်ပွားနေချိန်အတွင်း Apple က စျေးကွက်တန်ဖိုး ဒေါ်လာ ၂ ထရီလီယံကို ကြွားလုံးထုတ်နိုင်တဲ့ ပထမဆုံးအမေရိကန်ကုမ္ပဏီဖြစ်လာခဲ့တာပါ။

မကြာသေးခင်နှစ်တွေအတွင်း နည်းပညာကဏ္ဍက အမေရိကန်စတော့ဈေးကွက်ရဲ့လျင်မြန်စွာတိုးတက်မှုကို ဦးဆောင်ခဲ့ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ဆက်စပ်တဲ့ စီးပွားရေးလှုပ်ခတ်မှုတွေကို ခံနိုင်ရည်ရှိခဲ့တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ အထူးသဖြင့် နည်းပညာကိရိယာတွေက စီးပွားရေးလုပ်ဆောင်ဖို့နဲ့ အွန်လိုင်းကတဆင့်ပညာသင်ကြားမှုတွေအတွက် မရှိမဖြစ်လိုအပ်လာတာပါပဲ။

Ref: ABCNews “Apple could become 1st US company worth $3 trillion”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top