နားအကာအကွယ်မပါဘဲ ကလေးငယ်လေးကို ဖျော်ဖြေပွဲဆီခေါ်လာခဲ့တဲ့ ပရိသတ်တစ်ဦးကို ဆူငေါက်လိုက်တဲ့ ကိုလံဘီယာအဆိုတော်

singer.png

ကိုလံဘီယာအဆိုတော် မာလူမာရဲ့ ဗီဒီယိုတစ်ခုက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လို့နေပါတယ်။ အဲ့ဒါကတော့ နားအကာအကွယ်မပါဘဲ ကလေးငယ်လေးကို ဖျော်ဖြေပွဲဆီ ခေါ်လာခဲ့တဲ့ ပရိသတ်တစ်ဦးကို မာလူမာက သူ သီဆိုဖျော်ဖြေနေတာရပ်ပြီးတော့ ဂရုဏာဒေါသနဲ့ ဆူငေါက်လိုက်တဲ့ ဗီဒီယိုပါပဲ။

“အသက် ၁ နှစ်ကလေးလေးကို ဖျော်ဖြေပွဲတစ်ခုကို ခေါ်လာတာ ကောင်းတယ်လို့ ထင်တာလား။ အဲ့ဒီကလေးလေးက ဒီမှာ ဘာလုပ်နေမှန်းတောင် သိမှာမဟုတ်ဘူး။ နောက်တစ်ခါ သူတို့ရဲ့နားတွေကို အကာအကွယ်တစ်ခုခုပေးပါ။ တကယ်ပြောတာ။ ဒါက မင်းရဲ့တာဝန်ပဲ။ မင်းက သူ့ကို အရုပ်တစ်ရုပ်လို ကိုင်ပြီး ဝှေ့ယမ်းပြနေတာ။ ကလေးက ဒီနေရာမှာ မနေချင်ဘူး။ တကယ်။ လေးစားချစ်ခင်လို့ မင်းကို အခုလို ပြောပြနေတာပါ။ အခုဆို ကျွန်တော်က ဖခင်တစ်ယောက်ပါပဲ။ ဘယ်တော့မှာ ဖျော်ဖြေပွဲကို မခေါ်ဘူး။ ဒါကြောင့်မို့ နောက်တစ်ခါ..ပိုပြီးသတိထားပေးပါ။ အဆင်ပြေတယ်နော်”လို့ မာလူမာက ဂရုဏာနဲ့ ဆူငေါက်လိုက်တာပါပဲ။

မာလူမာက အခုဩဂုတ်လမှာ + Pretty + Dirty World Tour ပြီးမှာဖြစ်ပါတယ်။

The Centers for Disease Control and Prevention အရ အကြားအာရုံဆုံးရှုံးမှုက ကလေးနဲ့ လူကြီးတွေမှာသာမက မမွေးဖွားလာသေးတဲ့ကလေးတွေမှာတောင် တွေ့နေရပါတယ်။ ကျယ်လောင်တဲ့ဆူညံသံတွေနဲ့ အလွန်အကျွံထိတွေ့မှုက အကြာအာရုံကို ဆုံးရှုံးရနိုင်ပါတယ်လို့ သိရပါတယ်။ အသက် ၁၂ နှစ်နဲ့ အသက် ၃၅ နှစ်ကြား လူပေါင်း ၁ ဘီလျံကျော်က ကျယ်လောင်တဲ့အသံနဲ့ ထိတွေ့မှုကြောင့် အကြားအာရုံဆုံးရှုံးရနိုင်ခြေရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားပါတယ်။

ဗီဒီယိုကြည့်ရှုရန် – https://www.youtube.com/watch?v=cYMYVMrqTB8

Ref: Singer Maluma stops concert to scold fan who brought baby to show without ear protection

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top