အိမ်နဲ့ ပိုင်ဆိုင်မှုအားလုံးကို ရောင်းချပြီး ကမ္ဘာပတ်နေတဲ့ စုံတွဲ

4.4.24-yyl-2.jpg

ဖလော်ရီဒါပြည်နယ်က အငြိမ်းစားစုံတွဲတစ်တွဲဟာ ကမ္ဘာ့ပတ်ရင်း သူတို့ရဲ့နေ့စဉ်ဘဝကို ဖြတ်သန်းချင်ခဲ့တာပါ။ ဂျွန် နဲ့ဘီဗ် မာတင်ဆိုတဲ့ အဲဒီစုံတွဲဟာ ကမ္ဘာပတ်ခရီးထွက်ဖို့အတွက် သူတို့ရဲ့အိမ်နဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို ရောင်းချခဲ့ပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာမှာ ဖလော်ရီဒါပြည်နယ်က အငြိမ်းစားအသိုင်းအဝိုင်းဆီ သူတို့ရဲ့နေအိမ်ကို ရောင်းချခဲ့ပြီး သူတို့ရဲ့ပရိဘောဂနဲ့ ပစ္စည်းတွေကို ပရဟိတတွေဆီ လှူဒါန်းခဲ့ပါတယ်။ အခုအချိန်အထိ သူတို့စုံတွဲဟာ ဘဟားမား၊ ဗီယက်နမ်၊ ဘရာဇီး၊ မက္ကဆီကို၊ ရိုမေးနီးယား၊ အင်ဒိုနီးရှား၊ ကိုလံဘီယာ၊ ဂွါတီမာလာ၊ ဂရိနဲ့ နယူးဇီလန်နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၉၂ နိုင်ငံလည်ပတ်ပြီးပါပြီ။

သားသမီး ၅ ဦးနဲ့ မြေး ၈ ယောက်ရှိတဲ့ သူတို့စုံတွဲဟာ သူတို့ရဲ့သားသမီးတွေကို သူတို့ ခရီးထွက်မှာဖြစ်တယ်လို့ ပြောခဲ့တာပါ။ ဒါဟာ သူတို့ရဲ့တစ်သက်တာခရီးအဖြစ်လည်း သုံးနှုန်းပြောဆိုခဲ့ပြီး ဘဝကို အကောင်းဆုံးနေထိုင်မှာဖြစ်လို့ သူတို့တွေအတွက် ကလေးတွေက ဝမ်းသာပီတိဖြစ်ကြပါတယ်။ သူတို့စုံတွဲက မြေးတွေ အရွယ်ရောက်လာတဲ့အချိန်ကျ သူတို့နဲ့အတူ ခရီးထွက်ဖို့လည်း မျှော်လင့်နေပါတယ်။ “မြေးတွေကို ကမ္ဘာပတ်ခရီးထွက်ဖို့ လက်ဆောင်ပေးချင်တယ်။ သူတို့ရဲ့ဘဝကို ပြောင်းလဲပေးချင်ပြီး ကမ္ဘာအနှံ့ သူတို့လေးတွေကို ခေါ်သွားရဖို့ မျှော်လင့်တယ်” လို့ ဘီဗ်က ဆိုပါတယ်။

Ref: Retired Couple Sells Their Home and Belongings to Travel the World — and Has Visited 92 Countries So Far

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top