(၃) ထိပ်စီး မပြောင်းခင် ဘီလျံနာဖြစ်ဖို့ နီးစပ်နေတဲ့ Ed Sheeran

4e9fe179.jpg

ကမ္ဘာ့လှည့် ဂီတဖျော်ဖြေပွဲတွေကို ကျင်းပနေတဲ့ Ed Sheeran က ဝင်ငွေအများဆုံး အဆိုတော်အဖြစ် ရပ်တည်နိုင်ပေမဲ့ ဇွဲကတော့ မလျှော့ပါဘူး။ အသက် (၂၈) နှစ် ရှိပြီဖြစ်တဲ့ အဆိုတော်က နောက် (၂) နှစ်အတွင်းမှာ ဘီလျံနာ ဖြစ်လာမယ်ဆိုတာ မှန်းလို့ရနေပါတယ်။

Divide လို့ အမည်ပေးထားတဲ့ ဂီတဖျော်ဖြေပွဲကနေ အောင်မြင်မှုအသီးအပွင့်အနေနဲ့ အပတ်စဉ်တိုင်း ဘဏ်အကောင့်မှာ ဒေါ်လာသန်းချီ အလုံးလိုက်အရင်းလိုက် ရနေပါတယ်။ ဖျော်ဖြေပွဲအပိတ်ပွဲကိုတော့ ခုလာမယ့် ဩဂုတ်လရောက်ရင် အင်္ဂလန်နိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

နောက်သုံးလကြာရင် Ed Sheeran တစ်ယောက် ဒေါ်လာသန်း (၁၀၀) ကျော် ဝင်ငွေတိုးမယ်လို့ ခန့်မှန်းရသလို ၂၀၀၉-၁၁ တုန်းက အိုင်းရစ်လူမျိုး ရာ့ခ်ဂီတအဖွဲ့ (U2) ရဲ့ စံချိန်ကို ကျော်လွန်သွားနိုင်မယ်လို့လည်း သိရပါတယ်။

လူစည်ကားတဲ့လမ်းမတွေပေါ်မှာ သီချင်းနဲ့ အသက်မွေးဝမ်းကြောင်းပြုခဲ့တဲ့ ကောင်လေးတစ်ယောက်က လက်ရှိအချိန်မှာတော့ ဘီလျံနာဖြစ်လာမယ်ဆိုတာ အိမ်မက်တစ်ခုလိုပါပဲ။ တိုက်ရိုက်ဖျော်ဖြေတဲ့ ဂီတပွဲတွေကို လူတွေကပိုပြီး စိတ်ဝင်စားလာသလို ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေလုပ်တာကနေတဆင့် ငွေရှာနိုင်တယ်ဆိုတာ Ed Sheeran ကောင်းကောင်းကြီး နားလည်ထားပါတယ်။

PR skill ကောင်းသူဖြစ်တာကြောင့် မမောက်မာတဲ့ စိတ်ထားနဲ့ အရည်အချင်းပြည့်ဝမှုက ကျော်ကြားမှုပိုစေတယ်လို့ မာဆယ်နော့ဘ်ဘီလ် (Marcel Knobil) ဆိုသူ PR ဂုရုကြီးက ကောက်ချက်ချခဲ့ပါတယ်။

Ed Sheeran ကတော့ သူ အောင်မြင်ရခြင်း အကြောင်းတရားက လုံ့လရှိရှိ ကြိုးစားမှုကြောင့်လို့ ခံယူထားပါတယ်။ မဆုတ်မနစ်ကြိုးစားမှုကြောင့် သူဖြစ်ချင်တာတွေ ဖြစ်လာခဲ့သလို စွန့်စားမှုမရှိဘဲ အောင်မြင်မှုယူချင်လို့မရဘူးဆိုတာက အဖေဖြစ်သူရဲ့ဆုံးမစကားလည်း ဖြစ်ပါတယ်။

သူ မအောင်မြင်ခင် ဟိုအရင်ကတော့ အိုးအိမ်မဲ့ ဘဝနဲ့ ခဏနေထိုင်ခဲ့ရပြီး မြေအောက်ဘူတာရုံမှာ ဖြစ်ဖြစ် သူငယ်ချင်းအိမ်က ဆိုဖာပေါ်မှာဖြစ်ဖြစ် ကြုံသလို အိပ်ခဲ့ရတယ်လို့ Ed Sheeran က ဆိုပါတယ်။ ဖော်ရွေမှုနဲ့ သောက်သောက်စားစား နေတတ်တာတစ်ခုကြောင့် အချိန်တန်ရင် အိပ်စရာပေးမယ့်လူကတော့ အသင့်ရှိနေစမြဲပါပဲ။

အဆုံးသတ်ကို ပြန်လည်ခြုံငုံကြည့်ရင်တော့ အပေါင်းအသင်းဝင်ဆန့်မှု ၊ မာနထောင်လွှားခြင်း ကင်းမဲ့မှု ၊ PR ကျွမ်းကျင်မှု ၊ စိတ်ရှည်သည်းခံ ကြိုးစားမှုတွေကြောင့် Ed Sheeran ဆိုတဲ့ လူငယ်လေးက ဘီလျံနာဖြစ်လာပြီး နာမည်ကြီးစီနီယာအဆိုတော် Westlife အဖွဲ့အတွက် သီချင်းရေးပေးနိုင်တဲ့အထိအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

Reference: Ed Sheeran set to become a BILLIONAIRE before he turns 30… as formerly homeless star ‘nets £500m from Divide tour’
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top