မှုခင်းဆရာဝန်မလေးတစ်ဦးဟာ သူ့ရဲ့ခန္ဓာကိုယ်ကျစ်လျစ်တောင့်တင်းမှုကြောင့် လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေပါတယ်။ သူကတော့ တရုတ်နိုင်ငံက အသက် ၂၆ နှစ်အရွယ် ရန်ရန် ဆိုတဲ့ ဆရာဝန်မလေးပါ။ ရန်ရန်က သူ့အလုပ်မှာ ပိုကောင်းအောင်လုပ်နိုင်ဖို့ Workout လုပ်တာလို့ ပြောပါတယ်။

သူဟာ တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ချုံချင့်မြို့က မှုခင်းဆေးသိပ္ပံဓာတ်ခွဲခန်းမှာ ရုတ်တရက်သေဆုံးတာ (သို့) သံသယဖြစ်ဖွယ်သေဆုံးတာတွေကို စုံစမ်းစစ်ဆေးတဲ့ ပထမဆုံးမှုခင်းဆရာဝန်မလေးဖြစ်ပါတယ်။ Chongqing Medical University ကနေ မှုခင်းဆေးပညာဘွဲ့ရပြီးနောက် အဲ့ဒီမှာ မှုခင်းဆရာဝန်အဖြစ် လုပ်နေတာ ၃ နှစ်ရှိပါပြီ။
ကျွမ်းကျင်တဲ့မှုခင်းဆရာဝန်တစ်ယောက်အနေနဲ့ သူက အလောင်း ၆၀၀ ကျော်ကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီးပါပြီ။ သူက Workout လုပ်ရတာဝါသနာပါသူလည်းဖြစ်ပါတယ်။ ၁၂၀ ကီလိုဂရမ်လောက် ဝိတ်မ, နိုင်ပြီး လက်တစ်ဖက်တည်းနဲ့ သံကြိုးလွှကိုင်နိုင်သလို ၃ မိနစ်အတွင်း craniotomy ခွဲစိတ်မှု (ဦးခေါင်းခွံရဲ့အစိတ်အပိုင်းတစ်ခုကို ဖယ်ရှားဖို့ ခွဲစိတ်မှု)ကို လုပ်ဆောင်နိုင်ပါတယ်။

မှုခင်းဆရာဝန်တွေက ၁၅၀ ကီလိုဂရမ်အထိ လေးလံတဲ့ အလောင်းတွေကို မကြာခဏ ကြည့်ပေးရပါတယ်။ အဲ့ဒီနယ်ပယ်မှာ အမျိုးသမီးတွေကို လေးလံတဲ့အလောင်းတွေကို မ,မနိုင်တဲ့ အားနည်းတဲ့သူလို့ မှတ်ယူတာကြောင့် ခွဲခြားဆက်ဆံခံရပါတယ်။ ညဆိုင်းတွေရှိပြီး ခရီးတွေထွက်ရတဲ့ အလုပ်နဲ့လည်းအမျိုးသမီးတွေ မအပ်စပ်ဘူးလို့ ပြောကြပါတယ်။ ဒီအလုပ်နဲ့ပတ်သက်ပြီး အမျိုးသားတွေကိုဦးစားပေးပြီး အမျိုးသမီးတွေကို ကန့်သတ်ထားပါတယ်။
ရန်ရန်ရဲ့ခင်ပွန်းနဲ့ ခင်ပွန်းမိသားစုက သူ့အလုပ်ကို နားလည်ပေးကြပါတယ်။ သူ့ရဲ့အသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်ပြီး အများသူငှာနဲ့ သမားရိုးကျထင်မြင်ချက်တွေကို ချိုးဖျက်ဖို့ လူမှုကွန်ယက်အကောင့်ကို ဖွင့်ခဲ့တာပါ။

သူ ပထမဆုံးအလောင်းကို စကြုံရတဲ့အချိန်မှာတောင် စိတ်တည်ငြိမ်ခဲ့ပါတယ်။ သူ့ရဲ့အလုပ်တန်ဖိုးဟာ သေဆုံးသွားသူတွေနဲ့ သူတို့ရဲ့မိသားစုအတွက် တရားမျှတမှုပေးတာပါပဲ။ သူ့ရဲ့အလုပ်နယ်ပယ်မှာ အသုံးချနိုင်မယ့် နည်းပညာအသစ်တွေကို လေ့လာဖို့ ရန်ရန်က စီစဉ်ထားပါတယ်။
Ref: China forensic doctor goes viral for her muscular build, handles 600 corpses in 3 years
WL (ရိုးရာလေး)

