ဖေ့ဘွတ်ခ်ပေါ်က သူစိမ်းတွေရဲ့ကူညီမှုကြောင့် အဖေအရင်းနဲ့ ဆုံစည်းခွင့်ရခဲ့သူ

11-10-2022yyl05.jpg

အက်ဒရီယန်နာတေလာက ၁၃ နှစ်သမီးအရွယ်အထိ ပထွေးဖြစ်သူကို အဖေအရင်းလို့ ထင်နေခဲ့တာပါ။ အခု သူ့အသက် ၃၃ နှစ် ရှိပါပြီ။ ဒီနှစ်ထဲမှာပဲ သူက သူ့အဖေအရင်း ဘယ်သူလဲဆိုတာ သိရဖို့ ရှာဖွေခဲ့တယ်။ ဒီရှာဖွေမှုမှာ ကူညီခဲ့တာ ဖေ့ဘွတ်ခ်ပေါ်က သူစိမ်းတွေပါပဲ။ ကာလရှည်ကွဲကွာနေတဲ့ ဆွေမျိုးသားချင်းတွေ ပြန်ဆုံစည်းနိုင်အောင် ကူညီပေးနေတဲ့ Group ပါ။

အဲဒီ Group က ဆူဇန်ဆိုတဲ့ အမျိုးသမီးက တေလာရဲ့မိသားစု မြေပုံဆွဲတယ်။ သူ့အဒေါ်ရဲ့ DNA ကို စစ်ဆေးကြည့်တယ်။ အဲဒီကတစ်ဆင့် တေလာရဲ့အဖေအရင်းကို ခြေရာခံနိုင်ခဲ့တာပါ။ တေလာရဲ့အဖေအရင်းဟာ သူနဲ့ မိုင် ၁၀၀၀ ကွာဝေးတဲ့ ဖလော်ရီဒါပြည်နယ်မှ ရဲအရာရှိတစ်ယောက်ပါ။

တကယ်တော့ ဂျိုးဆက်ဖရန့်က သူ့မှာ သမီးရှိမှန်းတောင် မသိပါဘူး။ အခုတော့ နေ့ချင်းညချင်း ဒီအကြောင်းတွေကို သိသွားတဲ့အပြင် သူက မြေး ၂ ယောက်ရဲ့ အဖိုးဖြစ်နေမှန်းပါ သိသွားခဲ့တာပါ။ အဲဒီအတွက်လည်း သူ အရမ်းစိတ်လှုပ်ရှားခဲ့တယ်။ တေလာနဲ့ ဂျိုးဆက်တို့ သားအဖက လတော်တော်ကြာတဲ့အထိ စာတွေပို့၊ ဗီဒီယိုကောတွေခေါ်ခဲ့ကြပြီးမှ အပြင်မှာ လူချင်းတွေ့ခဲ့ကြတာပါ။ ဂျိုးဆက်က သမီးရှိရာ ပင်ဆယ်ဗေးနီးယားကို လာတွေ့ခဲ့ပါတယ်။

ဂျိုးဆက်ဟာ ၁၉၈၀ နှောင်းပိုင်းကာလတုန်းက သူ့ဦးလေးရဲ့စိုက်ခင်းမှာ အလုပ်လုပ်နေရင်း တေလာရဲ့မိခင်နဲ့ လူငယ်ချင်း ညှိစွန်းခဲ့ကြတာဖြစ်ပြီး တေလာရဲ့မိခင်က သူ့မှာ ကိုယ်ဝန်ရှိနေမှန်း မပြောပြခဲ့ပါဘူး။ အဲဒါကြောင့် သူနဲ့ရတဲ့ ရင်သွေးရှိမှန်းလည်း သူ မသိခဲ့တာပါ။ အခုတော့ သူ့သမီး ရှိနေတာ သိသွားပြီး သမီးရဲ့အနာဂတ်အတွက်ပါ ထည့်သွင်းစဉ်းစားနေပြီလို့ ဂျိုးဆက်က ဆိုပါတယ်။

Ref:She Finally Met Her Long Lost Dad, Who Didn’t Know She Existed, Thanks to Stranger on Facebook

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top