မီတာ ၄x၁၀၀ လက်ဆင့်ကမ်းပြေးပွဲမှာ ကြေးတံဆိပ်ဆွတ်ခူးခဲ့တဲ့ “Descendants Of The Sun” ဇာတ်လမ်းတွဲထဲက ကလေးသရုပ်ဆောင်

run.jpg

၂၀၁၆ ခုနှစ်က လူကြိုက်များခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲ “Descendants Of The Sun” ထဲက ကလေးသရုပ်ဆောင်လေးက အခုဆို အရွယ်ရောက်လာပြီး တောင်ကိုရီးယားနိုင်ငံရဲ့အပြေးအားကစားသမားဖြစ်နေပါပြီ။

ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့စဉ်က သူဟာ အသက် ၁၀ နှစ်အရွယ်ဖြစ်ပါတယ်။ သူကတော့ Joel Jin Nwamadi ပါ။ မကြာသေးခင်က နာဂိုရာမြို့မှာ ကျင်းပခဲ့တဲ့ ၂၀၂၆ အာရှအားကစားပြိုင်ပွဲရဲ့ အမျိုးသား ၄x၁၀၀ မီတာ လက်ဆင့်ကမ်းပြေးပွဲမှာ ကြေးတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အခု အသက် ၂၀ ရှိပြီဖြစ်တဲ့ Joel က လက်ဆင့်ကမ်းပြေးပွဲရဲ့ ဒုတိယအလှည့် (second leg) မှာပါဝင်ပြေးလွှားခဲ့ပြီး သူ့ရဲ့အသင်းက စုစုပေါင်း ၃၈.၄၃ စက္ကန့် စံချိန်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီစံချိန်က ပြီးခဲ့သည့်နှစ် အာရှပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ Joel ကိုယ်တိုင် ပါဝင်စံချိန်တင်ပေးခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ စံချိန်ဟောင်း (၃၈.၄၉ စက္ကန့်) ကို နောက်ထပ် ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ဖြစ်ပါတယ်။

ဒီဆုတံဆိပ်မှာ လွဲချော်လုနီးပါး ဖြစ်ခဲ့ရပါတယ်။ ပြိုင်ပွဲမစမီ တစ်ရက်အလို ခြေစစ်ပွဲ (heats) မှာ လက်ဆင့်ကမ်းတုတ် (baton) လွှဲပြောင်းမှုကို သတ်မှတ်နယ်မြေပြင်ပမှာ ပြုလုပ်ခဲ့တယ်လို့ ဒိုင်တွေက ဆုံးဖြတ်ခဲ့တာကြောင့် အသင်းမှာ ပြိုင်ပွဲကနေ ထုတ်ပယ်ခံခဲ့ရဖူးပါတယ်။ ဒါပေမဲ့ ကိုရီးယား ပြေးခုန်ပစ်အဖွဲ့ချုပ် (KAAF) ရဲ့အယူခံဝင်မှုကြောင့် အဲ့ဒီဆုံးဖြတ်ချက် ပြောင်းလဲသွားခဲ့ပြီး ဗိုလ်လုပွဲမှာ ပြန်လည်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြပါတယ်။ ဒီပြိုင်ပွဲမှာ Joel က အမျိုးသား ၁၀၀ မီတာ ဗိုလ်လုပွဲမှာလည်း ၁၀.၁၇ စက္ကန့်နဲ့ စတုတ္ထနေရာ ရရှိခဲ့ပြီး ကြေးတံဆိပ်ရရှိဖို့ ၀.၀၆ စက္ကန့်အလိုမှာ လွဲချော်ခဲ့ရပါတယ်။

ကိုရီးယားလူမျိုး မိခင်နဲ့ နိုင်ဂျီးရီးယားလူမျိုး ဖခင်တို့က သူ့ကို ဆိုးလ်မြို့မှာ မွေးဖွားခဲ့တာပါ။ Joel က မူလတန်း ၅ တန်းအရွယ်ကတည်းက ပြေးခုန်ပစ်အားကစားနည်းတွေမှာ စတင်ယှဉ်ပြိုင်ခဲ့တာပါ။ ၂၀၂၄ ခုနှစ်မှာ သူက မီတာ ၁၀၀ ပြေးပွဲမှာ ၁၀.၃၀ စက္ကန့်နဲ့ တောင်ကိုရီးယား အထက်တန်းကျောင်းသားများဆိုင်ရာ စံချိန်သစ်ကို စိုက်ထူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၂၅ ခုနှစ် အာရှပြေးခုန်ပစ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ တောင်ကိုရီးယား အမျိုးသား ၄x၁၀၀ မီတာ လက်ဆင့်ကမ်းအသင်းအတွက် ပထမဆုံးအကြိမ် ရွှေတံဆိပ် ဆွတ်ခူးနိုင်ရေး ပါဝင်ကူညီပေးခဲ့ပါတယ်။

Ref: Descendants Of The Sun Child Actor Is Now 20 & Just Won Asian Games 4x100m Bronze

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top